လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

8 _ Pic _ 01 8 _ Pic _ 02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ဆောင်ဘုံကျေးရွာအုပ်စု၊ ဆောင်ဘုံကျေးရွာ၊ သုံးအိမ်စုကျေးရွာ၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ လယ်တီလေးကျေးရွာနှင့် နှောကုန်းကျေးရွာ၊ ထန်းဇင်လှကျေးရွာ အုပ်စု၊ ထန်းဇင်လှကျေးရွာ၊ ကျုံဒဒွန်းကျေးရွာအုပ်စု၊ ကျုံဒဒွန်းကျေးရွာ၊ ဂုံမင်းကျေးရွာအုပ်စု၊ ဂုံမင်းကျေးရွာတို့၌ (၅-၇-၂၀၁၉) ရက်နေ့၊ (၆-၇-၂၀၁၈) ရက်နေ့၊ (၇-၇-၂၀၁၉) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၅) လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၅)၊ စုစုပေါင်းနေအိမ် (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၅၀,၀၀၀/-) ကျပ်၊ လူဦးရေ (၄၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာရန်ပုံငွေ(၈၄,၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၈၃၄,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၅) အိမ်ထောင်စာတို့အား (၈-၇-၂၀၁၉)ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ayy_jul2019

Sign Up

Upcoming Events