လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီမြို့နယ် အသရော်ကျေးရွာအုပ်စု၊ အသရာ်ကျေးရွာတွင် (၁.၇.၂၀၁၉)ရက်နေ့က ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၁)လုံး မှ ဘေးသင့်ပြည်သူစုစုပေါင်း(၆)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၁၂,၆ဝဝ) ကျပ်အား (၈-၇-၂၀၁၉)ရက်နေ့ နေ့လည် (၁၃:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့နယ်ဒုတိယဦးစီးမှူး နှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_jul2019
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)