လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ တောပြားကျေးရွာအုပ်စု၊ တောပြားကျေးရွာ၌ (၆-၇-၂၀၁၉) ရက်နေ့ (၁၄း၄၅) အချိန်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ရာ ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ စုစုပေါင်း (၁၀,၅၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာတို့အား (၈-၇-၂၀၁၉) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံး၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ကျစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#mdy_jul2019