လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၇-၂၀၁၉)ရက်နေ့၌ မိုးညိုမြို့နယ်၊ မတော့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် အမိုးလန်နေအိမ်(၁)လုံး၊ ဘေးသင့်ပြည်သူ(၇)ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ ထောက်ပံ့ငွေ(၁၄၇၀၀/-)ကျပ်၊ အား (၈-၇-၂၀၁၉) ရက်နေ့ နေ့လည် (၁၃:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒုတိယမြို့နယ်ဦးစီးမှူးနှင့် အတူသက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့်ပြည်သူများလက်ဝယ် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
# ha_sgw
# bgo _ jul2019