Category Archives: News
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူ များသည် ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၌(၁၀-၇-၂၀၁၉) ရက်နေ့ တွင် ရေကြီးရေလျှံမှုကြောင့် ရပ်ဘော့ကျေးရွာအုပ်စု ရပ်ဘော့ကျေးရွာနှင့် ဘာပေါ့ကျေးရွာတို့တွင် လူနေ အိမ် (၄) လုံးတို့ပျက်စီးဆုံးရှုံးခဲ့ရပြီး အဆိုပါရေဘေးသင့်လူနေ အိမ်ထောင်စု(၄)စုမှလူဦးရေ (၂၈)ဦးတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၄၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၅၈,၈၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၅၈,၈၀၀) ကျပ်တို့ကို (၁၅-၇-၂၀၁၉) နေ့တွင် နောင်မွန်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ World … Read more
-
ရေဘေးသင့်အိမ်ထောင်စုများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးခရိုင်/ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ အဖွဲ့ဝင်တို့နှင့်အတူ ခန္တီးမြို့နယ်အတွင်း ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း၌ မြစ်ရေကြီးမှုကြောင့် (၁၂-၇-၂၀၁၉) နေ့မှ (၁၅-၇-၂၀၁၉) နေ့အထိ ရေလွတ်ရာသို့ ပြောင်းရွှေ့ကြရသော ရွှေမြင့်မိုရ်ကျေးရွာမှ အိမ်ထောင်စု (၄၄) စု၊ လူဦးရေ (၁၈၇) ဦး၊ ဆင်သေကျေးရွာမှ အိမ်ထောင်စု (၁၀၃) စု၊ လူဦးရေ (၅၀၈) ဦး၊ ချောင်းဝကျေးရွာမှ အိမ်ထောင်စု (၂၄) စု၊ လူဦးရေ (၁၁၄) ဦး၊ … Read more
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်နှင့်အဖွဲ့သည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ရေဘေးသင့် ပြည်သူ (၇၈၉) ဦးအား ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၁,၆၅၆,၉၀၀) ကျပ်တို့ကို (၁၅-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_fld #kcn_jul2019 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမုှဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူး ရုံးမှတာဝန်ရှိသူများသည်ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်း ကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာ၊ ပခန်းငယ် ကျေးရွာအုပ်စု၊ပခန်းငယ်ကျေးရွာ၊ချစ်သူကျေးရွာ၊မိုးကွဲကျေးရွာအုပ်စု၊ချင်းယားကျေးရွာ၊ငါးလန်ကျေးရွာအုပ်စု၊ငါးလန်ကျေးရွာ၊ကွေ့ထောင့်ကျေးရွာ အုပ်စု၊ကွေ့ထောင့်ကျေးရွာနှင့်ဇယမကျေးရွာအုပ်စု၊ ဇယမကျေးရွာတို့တွင် (၁၃/၁၄/၁၅-၇-၂၀၁၉)ရက်နေ့ တို့၌ ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၃၅) လုံး၊အိမ်ထောင်စု(၃၉)စု၊စုစုပေါင်းလူဦးရေ(၁၈၄)ဦးတို့အတွက်၊ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ဆန်ရိက္ခာ ဖိုး (၇)ရက်စာ(၃၈၆,၄၀၀)ကျပ်၊အိမ်ဆောက်ပစ္စည်းဖိုး (၃,၅၀၀,၀၀၀)ကျပ်၊ စုစုပေါင်း(၃,၈၈၆,၄၀၀)ကျပ်အား (၁၅-၇-၂၀၁၉)ရက်နေ့တွင် ရေစကြို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူ းများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #mgy_jul2019 … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ကွမ်းခြံ ရပ်ကွက်/မြကန်သာ (၁) လမ်းတွင် (၄-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြိုကျနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၇) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀/-) ကျပ်နှင့် ဆိတ်ကြီးခနောင်တို မြို့နယ်/ဆိတ်ကြီးအနောက်ရပ်ကွက် (၅) နံပါတ်လမ်း/အမှတ် (၁၅၁) ၌ (၄-၇-၂၀၁၉) ရက်နေ့တွင် … Read more
-
ရေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်အတွင်း ရပ်ကွက် (၅) ရပ်ကွက်နှင့် ကျေးရွာ (၄) ရွာတို့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကယ်ဆယ်ရေးစခန်းများသို့ (၁၂-၇-၂၀၁၉) ရက်နေ့မှ (၁၄-၇-၂၀၁၉) ရက်နေ့အထိ ပြောင်းရွှေ့နေအိမ် (၁၀၃) လုံးနှင့် မျောပါ နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁၀၄) စု၊ လူဦးရေ (၅၅၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁,၁၆၁,၃၀၀/-) ကျပ်၊ မျောပါနေအိမ် (၁) လုံးအတွက် အိမ်ဆောက် … Read more
-
ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ် ပြောင်းလဲစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့၊ မအူပင်-ရေလဲလေးလမ်းမကြီးပေါ်ရှိ ယခင်က မုန်တိုင်း အသိပညာပေးပိုစတာဆိုင်းဘုတ်စိုက်ထူထားရာမှ (၁၅-၇-၂၀၁၉) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ရေဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_fld #ayy_jul2019
-
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ မြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးသင့် အိမ်ထောင်စု (၇၄၇) စု၊ လူဦးရေ (၄၂၈၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၂) ပတ်စာ ဆန် (၆၂၄) အိတ်၊ (၄) ပြည်အား (၁၅-၇-၂၀၁၉) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fld #rke_jul2019
-
ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက် ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီနှင့် သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ရှိသူတို့က လုပ်ငန်းစီမံချက်(မူကြမ်း)အပေါ် ညှိနှိုင်းဆွေးနွေး
ဇူလိုင် ၁၅၊ နေပြည်တော် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီနှင့် သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်း များမှ တာဝန်ရှိသူတို့က လုပ်ငန်းစီမံချက်(မူကြမ်း)အပေါ် (၃/၂၀၁၉)တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်မှုများကို အကောင်အထည်ဖော်၍ လုပ်ငန်းစီမံချက်ရေးဆွဲဆောင်ရွက်နိုင်ရေး အတွက် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် … Read more









