ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ မြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးသင့် အိမ်ထောင်စု (၇၄၇) စု၊ လူဦးရေ (၄၂၈၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၂) ပတ်စာ ဆန် (၆၂၄) အိတ်၊ (၄) ပြည်အား (၁၅-၇-၂၀၁၉) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_fld
#rke_jul2019

Sign Up

Upcoming Events