ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

16_Pic_01

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမုှဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူး ရုံးမှတာဝန်ရှိသူများသည်ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်း ကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာ၊ ပခန်းငယ် ကျေးရွာအုပ်စု၊ပခန်းငယ်ကျေးရွာ၊ချစ်သူကျေးရွာ၊မိုးကွဲကျေးရွာအုပ်စု၊ချင်းယားကျေးရွာ၊ငါးလန်ကျေးရွာအုပ်စု၊ငါးလန်ကျေးရွာ၊ကွေ့ထောင့်ကျေးရွာ အုပ်စု၊ကွေ့ထောင့်ကျေးရွာနှင့်ဇယမကျေးရွာအုပ်စု၊ ဇယမကျေးရွာတို့တွင် (၁၃/၁၄/၁၅-၇-၂၀၁၉)ရက်နေ့ တို့၌ ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၃၅) လုံး၊အိမ်ထောင်စု(၃၉)စု၊စုစုပေါင်းလူဦးရေ(၁၈၄)ဦးတို့အတွက်၊ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ဆန်ရိက္ခာ ဖိုး (၇)ရက်စာ(၃၈၆,၄၀၀)ကျပ်၊အိမ်ဆောက်ပစ္စည်းဖိုး (၃,၅၀၀,၀၀၀)ကျပ်၊ စုစုပေါင်း(၃,၈၈၆,၄၀၀)ကျပ်အား (၁၅-၇-၂၀၁၉)ရက်နေ့တွင် ရေစကြို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူ းများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရှိရပါသည်။
 
#ha_rbe
#mgy_jul2019
 
 
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events