လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်အတွင်း ရပ်ကွက် (၅) ရပ်ကွက်နှင့် ကျေးရွာ (၄) ရွာတို့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကယ်ဆယ်ရေးစခန်းများသို့ (၁၂-၇-၂၀၁၉) ရက်နေ့မှ (၁၄-၇-၂၀၁၉) ရက်နေ့အထိ ပြောင်းရွှေ့နေအိမ် (၁၀၃) လုံးနှင့် မျောပါ နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁၀၄) စု၊ လူဦးရေ (၅၅၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁,၁၆၁,၃၀၀/-) ကျပ်၊ မျောပါနေအိမ် (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိသားစုသုံးပစ္စည်း (၁၃) မျိုးပါ Family Kits (၁၀၄) ထုပ်တို့အား (၁၅-၇-၂၀၁၉) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ကသာခရိုင်အုပ်ချုပ်ရေးမှူး၊ ကသာမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကယ်ဆယ်ရေးစခန်းများသို့ လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#sgg_jul2019