ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

16_Pic_01 16_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူ များသည် ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၌(၁၀-၇-၂၀၁၉) ရက်နေ့ တွင် ရေကြီးရေလျှံမှုကြောင့် ရပ်ဘော့ကျေးရွာအုပ်စု ရပ်ဘော့ကျေးရွာနှင့် ဘာပေါ့ကျေးရွာတို့တွင် လူနေ အိမ် (၄) လုံးတို့ပျက်စီးဆုံးရှုံးခဲ့ရပြီး အဆိုပါရေဘေးသင့်လူနေ အိမ်ထောင်စု(၄)စုမှလူဦးရေ (၂၈)ဦးတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၄၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၅၈,၈၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၅၈,၈၀၀) ကျပ်တို့ကို (၁၅-၇-၂၀၁၉) နေ့တွင် နောင်မွန်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ World Concern Myanmar အဖွဲ့အစည်း တိုနှင့်အတူ ရေဘေးသင့်ပြည်သူထံ အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_fld
#kcn_jul2019
 
 
Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events