လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးခရိုင်/ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ အဖွဲ့ဝင်တို့နှင့်အတူ ခန္တီးမြို့နယ်အတွင်း ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း၌ မြစ်ရေကြီးမှုကြောင့် (၁၂-၇-၂၀၁၉) နေ့မှ (၁၅-၇-၂၀၁၉) နေ့အထိ ရေလွတ်ရာသို့ ပြောင်းရွှေ့ကြရသော ရွှေမြင့်မိုရ်ကျေးရွာမှ အိမ်ထောင်စု (၄၄) စု၊ လူဦးရေ (၁၈၇) ဦး၊ ဆင်သေကျေးရွာမှ အိမ်ထောင်စု (၁၀၃) စု၊ လူဦးရေ (၅၀၈) ဦး၊ ချောင်းဝကျေးရွာမှ အိမ်ထောင်စု (၂၄) စု၊ လူဦးရေ (၁၁၄) ဦး၊ ကချင်စုကျေးရွာမှ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၄) ဦး၊ မိုင်းနောင်ကျေးရွာမှ အိမ်ထောင်စု (၁) စု လူဦးရေ (၄) ဦး၊ လာဝယ်ကျေးရွာမှ အိမ်ထောင်စု (၈) စု လူဦးရေ (၄၉) ဦး၊ နန်ဖာကျေးရွာမှ အိမ်ထောင်စု (၃၂)စု လူဦးရေ (၁၈၅)ဦး၊ ကျကိုက်ကျေးရွာမှ အိမ်ထောင်စု (၁)စု လူဦးရေ (၅)ဦး၊ လက်ပံသာကျေးရွာမှ အိမ်ထောင်စု (၁)စု လူဦးရေ (၇)ဦး၊ စိန်နန်းကျေးရွာမှ အိမ်ထောင်စု (၂)စု လူဦးရေ (၆)ဦး၊ ကတိုးကြီးကျေးရွာမှ အိမ်ထောင်စု (၁၁)စု လူဦးရေ (၅၆)ဦး၊ အရှေ့ကောက်တောင်းကျေးရွာမှ အိမ်ထောင်စု (၄)စု လူဦးရေ (၂၅) ဦး၊ သီလရှင်ကျောင်း(ပေါမိုင်း) မှ အိမ်ထောင်စု (၁) စု လူဦးရေ (၂၄) ဦး၊ မြို့မရပ်ကွက်မှ အိမ်ထောင်စု (၇၉) စု လူဦးရေ (၃၈၁)ဦး၊ ပေါမိုင်းရပ်ကွက်မှ အိမ်ထောင်စု (၇) စု လူဦးရေ (၃၈) ဦး၊ ဇီးဖြူကုန်းရပ်ကွက်မှ အိမ်ထောင်စု (၂၁) စု လူဦးရေ (၁၀၀)ဦး၊ လုံးတုံကျေးရွာမှ အိမ်ထောင်စု (၃)စု လူဦးရေ (၈)ဦး၊ စုစုပေါင်း အိမ်ထောင်စု (၃၄၄)စု လူဦးရေ (၁၇၁၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃,၅၉၃,၁၀၀/-) ကျပ်တို့အား (၁၅-၇-၂၀၁၉) ရက်နေ့တွင် ဆင်သေကျေးရွာ၊ ဇီးဖြူကုန်းရပ်ကွက်၊ မြို့မရပ်ကွက်နှင့် ခန္တီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်း၌ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#sgg_jul2019