Category Archives: News
-
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်း
စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၂)စင်တီမီတာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၁)ရက်အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့်ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာအုပ်စု၊ ရေလည်ကျွန်းကျေးရွာ၌ (၁၂-၇-၂၀၁၉) ရက်နေ့မှ (၂၁-၇-၂၀၁၉) ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ရေဝင်မျောပါ အိမ်ထောင်စု (၆) စုမှ လူဦးရေ (၃၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၆) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာဖိုးနှင့်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၆၉,၃၀၀/-) ကျပ်တို့အားလည်းကောင်း၊ (၃၀-၇-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု (၃၀) စုမှ လူဦးရေ (၁၆၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း … Read more
-
မြစ်ရေကြီးခြင်းသတိပေးချက္
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည္။ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည္။ သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည္။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာချီလိတ်မြို့၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း၌ (၂၄-၇-၂၀၁၉) ရက်နေ့၊ နံနက်(၁၀း၀၀)မှ(၁၂း၀၀)အချိန်အထိ သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ပြီး အဆိုပါဟောပြောပွဲ၌ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာအကြောင်းအရာများ၊ ဖြစ်ပွားတတ် သောဘေးအန္တရာယ်များ၊ ဘေးအန္တရာယ်မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက် ဆောင်ရန်/ ရှောင်ရန်အချက်များ၊ ငလျင်လှုပ်ခတ်နေစဉ်အတွင်း နေထိုင်ရမည့် အနေအထားများကို လက်တွေ့ သရုပ်ပြသခြင်း၊ ဘေးကျရောက်လာပါက ဘေးအမျိုးအစားအလိုက် တုန့်ပြန်ဆောင်ရွက်ရမည့် အနေအထား များကို ဂိမ်းများကစားခြင်းဖြင့် … Read more
-
ကျိုင်းတုံခရိုင်ဦးစီမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၁၉)ရက်နေ့ (၀၉:၀၀)နာရီမှ(၁၂:၀၀)နာရီအထိ ကျိုင်းတုံမြို့ အထက်တန်းကျောင်းခွဲမိုင်းဇင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကိုကျောင်းသား/သူ(၂၀၀)ဦးဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့်၎င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များ သဘာဝဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ် မဖြစ်ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီးငလျင်လှုပ်ခတ်နေစဉ်နေထိုင်ရမည့်အနေအထားကိုလက်တွေ့သရုပ်ပြသခြင်း လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီမှူးရုံး (ဘစမ) # ar # shn_ aug 2019
-
လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ သင်္ဘောနစ်မြှပ်မှုကြောင်း သေဆုံးသူ(၁)ဦးအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သည် လပွတ္တာခရိုင်၊ ပြင်စလူမြို့၊ ပြန်မလော့မြစ်မှရေမိုင်၇မိုင်အကွာတွင် ရန်ကုန်မြို့မှသံတွဲမြို့သို့ ဘိလပ်မြေအိတ် (၂၅၀၀၀) အိတ်ကျော်တင်ဆောင်မောင်းနှင်လာသည့်သဘောၤသား(၁၉)ဦးပါ MV ထာဝရအားမာန် ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောသည် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခက်၍ သဘောၤနစ်မြှပ်မှုကြောက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကမာကေကျေးရွာမှ သေဆုံးသူ( ၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀ိ/-)ကျပ်အား(၁-၈-၂၀၁၉)ရက်နေ့၊ နေ့လည်(၁၀:၃၀)နာရီအချိန်တွင် ချောင်းဆုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌မြို့အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူသေဆုံးသူ၏ မိသားစုဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည့်ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) # otr # … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ သက်ကယ်ပြင်အုပ်စု၊ ပေါ်သစ် ကျေးရွာ၊ အင်းဂရမ်းအုပ်စု၊ အုတ်သျှစ်ကုန်းကျေးရွာနှင့် မြို့ကွင်းအုပ်စု၊ အလယ်စုကျေးရွာတို့၌(၃၁-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၃၀) လုံးရှိ လူဦးရေ (၁၂၉) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၀၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၇၀,၉၀၀/-) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးထောက်ပံ့ငွေ (၃,၂၇၀,၉၀၀/-) ကျပ်ကို (၁-၈-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများ … Read more
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု ၊ခုံကြီးကျေးရွာတွင်(၃၁-၇-၂၀၁၉)ရက်နေ့တွင် ကမ်းပြိုဘေးသင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/)ကျပ်၊ ဆန်ရိက္ခာဖိုး(၇)စားထောက်ပံ့ငွေ(၁၀၅၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၁၀၅၀၀/)ကျပ်တို့ကို(၁-၈- ၂၀၁၉) ရက်နေ့တွင် လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ အရောက်ပေးပို့ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_rbe # ayy_aug 2019
-
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ ကျောက်ထုံးကြီးအုပ်စု၊ လက်ပံဇင် ကျေးရွာ၌ (၂၆-၇-၂၀၁၉) ရက်နေ့တွင်လည်းကောင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအုပ်စု၊ မိုးတားလေး ကျေးရွာ၌ (၂၇-၇-၂၀၁၉) ရက်နေ့တွင်လည်းကောင်း ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စု (၈) စုမှ လူဦးရေ (၄၁) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများ အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၈) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၈၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ … Read more
-
ရေဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၁၉) ရက်နေ့တွင် ရေကြည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ယခင်စိုက်ထူထားခဲ့သော မုန်တိုင်းဘေးအသိပညာပေးဆိုင်းဘုတ် အစား ရေဘေးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူအများ သိရှိနိုင်ရန် ရေဘေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်ကို ပြာင်းလဲစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2019 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)









