လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
(၂၅-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သည် လပွတ္တာခရိုင်၊ ပြင်စလူမြို့၊ ပြန်မလော့မြစ်မှရေမိုင်၇မိုင်အကွာတွင် ရန်ကုန်မြို့မှသံတွဲမြို့သို့ ဘိလပ်မြေအိတ် (၂၅၀၀၀) အိတ်ကျော်တင်ဆောင်မောင်းနှင်လာသည့်သဘောၤသား(၁၉)ဦးပါ MV ထာဝရအားမာန် ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောသည် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခက်၍ သဘောၤနစ်မြှပ်မှုကြောက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကမာကေကျေးရွာမှ သေဆုံးသူ( ၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀ိ/-)ကျပ်အား(၁-၈-၂၀၁၉)ရက်နေ့၊ နေ့လည်(၁၀:၃၀)နာရီအချိန်တွင် ချောင်းဆုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌မြို့အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူသေဆုံးသူ၏ မိသားစုဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည့်ကြောင်း သတင်းရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
# otr
# ayy_aug 2019