ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

1_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ ကျောက်ထုံးကြီးအုပ်စု၊ လက်ပံဇင် ကျေးရွာ၌ (၂၆-၇-၂၀၁၉) ရက်နေ့တွင်လည်းကောင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအုပ်စု၊ မိုးတားလေး ကျေးရွာ၌ (၂၇-၇-၂၀၁၉) ရက်နေ့တွင်လည်းကောင်း ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စု (၈) စုမှ လူဦးရေ (၄၁) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများ အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၈) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၈၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၆,၁၀၀/-) ကျပ်တို့ကို (၃၀-၇-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#sgg_aug2019

Source:         ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events