လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာအုပ်စု၊ ရေလည်ကျွန်းကျေးရွာ၌ (၁၂-၇-၂၀၁၉) ရက်နေ့မှ (၂၁-၇-၂၀၁၉) ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ရေဝင်မျောပါ အိမ်ထောင်စု (၆) စုမှ လူဦးရေ (၃၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၆) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာဖိုးနှင့်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၆၉,၃၀၀/-) ကျပ်တို့အားလည်းကောင်း၊ (၃၀-၇-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု (၃၀) စုမှ လူဦးရေ (၁၆၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃၀) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးထာက်ပံ့ငွေ (၃,၃၅၄,၉၀၀/-) ကျပ်တို့အားလည်းကောင်း (၃၁-၇-၂၀၁၉) ရက်နေ့တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ha_fld
#sgg_aug2019
Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)