သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

1_Pic_01 1_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာချီလိတ်မြို့၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း၌ (၂၄-၇-၂၀၁၉) ရက်နေ့၊ နံနက်(၁၀း၀၀)မှ(၁၂း၀၀)အချိန်အထိ သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ပြီး အဆိုပါဟောပြောပွဲ၌ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာအကြောင်းအရာများ၊  ဖြစ်ပွားတတ် သောဘေးအန္တရာယ်များ၊ ဘေးအန္တရာယ်မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက် ဆောင်ရန်/ ရှောင်ရန်အချက်များ၊ ငလျင်လှုပ်ခတ်နေစဉ်အတွင်း နေထိုင်ရမည့် အနေအထားများကို လက်တွေ့ သရုပ်ပြသခြင်း၊ ဘေးကျရောက်လာပါက ဘေးအမျိုးအစားအလိုက် တုန့်ပြန်ဆောင်ရွက်ရမည့် အနေအထား များကို ဂိမ်းများကစားခြင်းဖြင့် အသိပညာပေး ဆောင်ရွက်ခဲပါကြောင်းနှင့် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_aug2019

Source:           တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

 

 

Sign Up

Upcoming Events