ကျိုင်းတုံခရိုင်ဦးစီမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

1 _ Pic _02 1_ Pic _01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၁၉)ရက်နေ့ (၀၉:၀၀)နာရီမှ(၁၂:၀၀)နာရီအထိ ကျိုင်းတုံမြို့ အထက်တန်းကျောင်းခွဲမိုင်းဇင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကိုကျောင်းသား/သူ(၂၀၀)ဦးဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့်၎င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များ သဘာဝဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ် မဖြစ်ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီးငလျင်လှုပ်ခတ်နေစဉ်နေထိုင်ရမည့်အနေအထားကိုလက်တွေ့သရုပ်ပြသခြင်း လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကျိုင်းတုံခရိုင်ဦးစီမှူးရုံး (ဘစမ)

# ar

# shn_ aug 2019

Sign Up

Upcoming Events