ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

1 _Pic_ 02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ သက်ကယ်ပြင်အုပ်စု၊ ပေါ်သစ် ကျေးရွာ၊ အင်းဂရမ်းအုပ်စု၊ အုတ်သျှစ်ကုန်းကျေးရွာနှင့် မြို့ကွင်းအုပ်စု၊ အလယ်စုကျေးရွာတို့၌(၃၁-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၃၀) လုံးရှိ လူဦးရေ (၁၂၉) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၀၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၇၀,၉၀၀/-) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးထောက်ပံ့ငွေ (၃,၂၇၀,၉၀၀/-) ကျပ်ကို (၁-၈-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ayy_aug2019

Source:         ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events