Category Archives: News
-
ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ သင်္ဘောနစ်မြှပ်မှုကြောင်း သေဆုံးသူ(၁)ဦးအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၁၉) ရက်နေ့၊နံနက်(၁၂:၃၀) နာရီချိန်တွင် လပွတ္တာခရိုင်၊ ပြင်စလူမြို့၊ ပြန်မလော့မြစ်မှရေမိုင်၇မိုင်အကွာတွင် ရန်ကုန်မြို့မှသံတွဲမြို့သို့ ဘိလပ်မြေအိတ် (၂၅၀၀၀) အိတ်ကျော်တင်ဆောင်မောင်းနှင်လာသည့်သဘောၤသား(၁၉)ဦးပါ MV ထာဝရအားမာန် ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောသည် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခက်၍ သဘောၤနစ်မြှပ်မှုဖြစ်ပွားခဲ့ပါသဖြင့် သေဆုံးသူ( ၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀ိ/-)ကျပ်အား(၃၁-၇-၂၀၁၉)ရက်နေ့၊ နေ့လည်(၂:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများရှေ့မှောက်တွင် သေဆုံးသူ၏မိသားစုဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည့်ကြောင်း သတင်းရရှိပါသည်။ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # otr # ayy_aug 2019
-
ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကံ့ကော်ရပ်ကွက်တွင် (၃၀-၇-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)နှင့် ထိခိုက်ဒဏ်ရာရသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀/-)၊ ဘေးသင့်လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုး(၇) ရက်စာထောက်ပံ့ငွေ (၂၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၅၂၁၀၀/-)တို့အား (၃၁-၇-၂၀၁၉) ရက်နေ့ ကံ့ကော်ရပ်ကွက်တွင် မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၁၉)ရက်နေ့ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ တောင်ပြိုကျေးရွာမီးဘေးမှ မီးဘေးသင့်အိမ်ခြေ (၁)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅) မျိုး (၁)အိမ်ထောင်စာ၊အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)၊ လူ(၄)ဦးတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာအတွက်ထောက်ပံ့ငွေ(၈၄၀၀/-)၊ အမိုးပျက်စီးအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀/-)နှင့် လူ(၅)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာအတွက်ထောက်ပံ့ငွေ (၁၀၅၀၀/-)စုစုပေါင်းရန်ပုံငွေ (၁၆၈၉၀၀/-)အား (၃၁-၇-၂၀၁၉)ရက်နေ့ (၁၀း၃၀) အချိန်တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha¬_fir # tny_aug 2019
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုးညိုမြို့နယ် လက်ပံခုံကျေးရွာအုပ်စု၊ဘူးခုံကျေးရွာတွင်(၂၆.၇.၂၀၁၉)ရက်နေ့နှင့်(၂၇.၇.၂၀၁၉) ရက်နေ့တို့တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ်(၃)သုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)ကျပ်၊ (၂၆.၇.၂၀၁၉)ရက်နေ့ အင်းတော်တလုပ်ကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာတွင် သစ်ပင်ပိ၍ နေအိမ်ပြိုကျမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀ဝိ/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက်ဆန်ရိက္ခာဖိုး(၁၄,၇၀ဝိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ(၁)ပုံး၊ (၂၆/၂၇/၂၈.၇.၂၀၁၉)ရက်နေ့တို့တွင် မိုးညိုမြို့နယ်အတွင်း မြစ်ရေမြင့်တက်မှုကြောင့်ကျေးရွာအုပ်စု(၄)စု၊ ကျေးရွာ(၇)ရွာ၊ အိမ်ခြေ(၇၇)လုံးမှ ရွှေ့ပြောင်းမိသားစုလူဦးရေ(၃၂၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၈၆,၇၀ဝိ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁,၁၀၁,၄၀ဝိ/-) ကျပ်တိတိ အား အား (၃၁-၇-၂၀၁၉)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ … Read more
-
ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုု မြို့နယ်၊ ငါးလန်ကျေးရွာအုပ်စု၊ငါးလန်ကျေးရွာနှင့် ဆင်တဲကျေးရွာအုပ်စု၊ နတ်ပေးကျေးရွာတို့တွင်(၃၀-၇-၂၀၁၉)ရက်နေ့၊ (၁၀း၃၀)အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ လူနေအိမ်(၈)လုံး၊ အိမ်ထောင်စု(၁၀)စု၊ စုစုပေါင်းလူဦးရေ(၂၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၅၀၄၀၀/-)၊အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၈၀၀၀၀၀/- )စုစုပေါင်း(၈၅၀၄၀၀/-)ကျပ်အား (၃၀-၇-၂၀၁၉)ရက်နေ့တွင် ရေစကြို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha¬_fld # mgy_jul 2019
-
မုန်တိုင်းဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၁၉) ရက်နေ့မှ (၃၀-၇-၂၀၁၉)ရက်နေ့အထိ CWS-myanmar ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြို့နယ်ကြက်ခြေနီတပ်ဖွဲတို့နှင့်ပူးပေါင်း၍ မအူပင်မြို့နယ်၊ ပေကုန်းကျးရွာအုပ်စု၊ ဆင့်ကူးသောင်ကျေးရွာ၌ မုန်တိုင်းသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်ရာ အဆိုပါဇာတ်တိုက်လေ့ကျင့်ခန်းသို့ ကျေးရွာသူ/သား ကျောင်းသား/သူ စုစုပေါင်းအင်အား ၂၅၀ ဦးခန့်ပါဝင်လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2019 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး
-
မသန်စွမ်းသူများအတွက် တရားမျှတမှုရရှိပိုင်ခွင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
ဇူလိုင်၃၀၊နေပြည်တော် မသန်စွမ်းသူများအတွက် တရားမျှတမှုရရှိပိုင်ခွင့်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း (၀၉း၀၀) နာရီတွင် Royal President Hotel ၌ကျင်းပပြုလုပ်ရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက နိုင်ငံတော်အနေဖြင့်မသန်စွမ်းသူများနှင့်ပတ်သက်၍ အစိုးရ၊ ပြည်သူ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ချက်များသည် တိုးတက်ပြောင်းလဲမှုများရှိပါကြောင်း၊ မသန်စွမ်းသူများနှင့်ပတ်သက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် နည်းဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး အမျိုးသား ကော်မတီ၊လုပ်ငန်းကော်မတီနှင့်မသန်စွမ်းများအတွက်ကဏ္ဍအသီးသီးတွင်ဆောင်ရွက်မည့်ဆပ်ကော်မတီ(၈)ခုကိုဖွဲ့စည်းခဲ့ပါကြောင်း၊မသန်စွမ်းသူများအတွက်အခွင့်အရေးဖော်ဆောင်ရာတွင်မသန်စွမ်းတစ်ဦးချင်းစီ၏လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရန်မသန်စွမ်းမှုအမျိုးအစားအလိုက်စေတနာထားဆောင်ရွက်ရန်အလွန်အရေးကြီးပါကြောင်း၊ မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းနှင့်မသန်စွမ်းမှုအဆင့်ခွဲခြားခြင်းသည်မသန်စွမ်းတစ်ဦးချင်းစီ၏မသန်စွမ်းမှုအလိုက်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်ဖြစ်ပါကြောင်း၊ ဇွန်လ (၆)ရက်နေ့မှ (၈)ရက်နေ့အထိအာဂျင်တီးနားနိုင်ငံတွင် ကျင်းပသော … Read more
-
သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများတွင် နည်းပညာအသုံးပြုမှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
ဇူလိုင် ၃၀၊ နေပြည်တော် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် နည်းပညာအသုံးပြုမှုဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဉက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အဖွင့်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ယနေ့ ရာသီဥတုပြောင်းလဲလာမှုအခြေအနေများနှင့်အတူ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုပုံစံများ ပြောင်းလဲလာခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း အခြားကမ္ဘာ့နိုင်ငံ များနည်းတူ ထိုအခြေအနေများကို ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ မိမိတို့အနေဖြင့် ပြောင်းလဲဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်ရေး စီမံခန့်ခွဲမှုပုံစံများကိုလည်း ပြောင်းလဲ ဆောင်ရွက်လာရကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူ့အသက်ဆုံးရှုံးမှုများ၊ … Read more
-
ရေဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ် ပြောင်းလဲစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၁၉) ရက်နေ့တွင် သာပေါင်းမြို့နယ်၊ ဘောလုံး ကွင်းရှေ့၌ ယခင်စိုက်ထူထားသော မုန်တိုင်းဘေး အသိပညာပေးဆိုင်းဘုတ်အစား ရေဘေးနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များ ပြည်သူလူထုများ သိရှိစေရန်အတွက် ရေဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar_fld #ayy_jul2019
-
မြစ်ရေကြီးခြင်းသတိပေးချက်
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀) နာရီအချိန်တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ မဒေါက်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။









