လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောက်မိချောင်းကျေးရွာအုပ်စု၊ ကျောက်မိချောင်းတောင်ကျေးရွာ၌ (၄-၈-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်၍ အုန်းပင်ပြိုလဲမှုကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံးရှိ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်တို့ကိုလည်းကောင်း၊
သေဆုံးသူ (၁) ဦးအတွက် သေဆုံးထောက်ပံငွေ (၃၀၀,၀၀၀/-) ကျပ်ကိုလည်းကောင်း (၅-၈-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mon_aug2019
Source: ရေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)