ကမ်းပြိုဘေးနှင့် လေဘေးတို့အတွက် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု (ဝေယံကျွန်း၊ ကျောင်းစု)ကျေးရွာတို့၌ (၃-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ကြသည့် နေအိမ်(၅)လုံး၊ အိမ်ထောင်စု (၅)စု လူဦးရေ (၁၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၃၆၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၃၃၆၀၀/-)ကျပ်နှင့် ကဿဝင်ကျေးရွာအုပ်စု၊ ကြက်ကျွန်းကျေးရွာ၌ (၃-၈-၂၀၁၉)ရက်နေ့ ဖြစ်ပွားသော လေပြင်းဘေးကြောင့် ပြိုကျ နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၀၅၀၀/-)ကျပ် နှင့် Care Myanmar ပိုက်ဖျာ (၁)ချပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးပါ (၁)ပုံးတို့အား (၁၂း၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့လည်းကောင်း၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ အထက်ကဇင်းတောကျေးရွာ့၌ (၁-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားသော ကမ်းပြိုဘေးကြာင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့်နေအိမ် (၃၁)လုံး အိမ်ထောင်စု (၃၁)စုမှ လူဦးရေ (၁၇၉)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၁၀၀ဝဝဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၃၇၅၉၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၄၇၅၉၀ဝ/-)ကျပ်နှင့် (ကညင်ကုန်း၊ အင်းမ၊ ဘုရားချောင်း၊ရွှေလှေ၊ခနွဲကဘို၊ကျုံတုံးကြီး)ကျေးရွာအုပ်စု၊ ကျေးရွာ (၆)ရွာ၌ (၃-၈-၂၀၁၉)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၃)လုံးအတွက် Care Myanmar ပိုက်ဖျာ (၃)ချပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးပါ (၁)ပုံး၊ (၁၆)မျိုးပါ (၁)ပုံးနှင့် (၁၇)မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ အမိုးလန်နေအိမ် (၁၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၁၀၀၀၀/-)ကျပ်၊ လူဦးရေ (၈၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၇၂၂၀၀/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၉၈၂၂၀၀/-)ကျပ်တို့အား (၅-၈-၂၀၁၉) ရက်နေ့ (၁၄း၄၅)နာရီအချိန်တွင် လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

# ha_sgw

# ha_rbe

# ayy_aug 2019

Sign Up

Upcoming Events