မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကမ်းငူကြီးကျေးရွာအုပ်စု၊ ရွှေစင်ကျွန်းကျေးရွာနှင့် ရှမ်းစုကျေးရွာအုပ်စု၊ ရွှေဘိုတန်းကျေးရွာတို့၌ (၁-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းဖျက်သိမ်းနေအိမ် (၁၄)လုံး၊ အိမ်ထောင်စု (၁၄)စုမှ လူဦးရေ (၄၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၄၀၀ဝဝဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၈၈၂၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၄၈၈၂၀/-)ကျပ်အား (၅-၈-၂၀၁၉) ရက်နေ့ (၁၆း၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source; မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

# ha_rbe

# ayy_aug 2019

Sign Up

Upcoming Events