ကမ်းပြိုဘေးနှင့် လေဘေးတို့အတွက် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ဇလွန်မြို့နယ်အတွင်း (၂-၈-၂၀၁၉) ရက်နေ့တွင် ဖားလက်ခိုအုပ်စု၊ ဖားလက်ခိုကျေးရွာတွင် ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းရသောအိမ်ခြေ(၃၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၇၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၁၃၅) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာအတွက်ထောက်ပံ့ငွေ(၂၈၃,၅၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၃,၉၈၃,၅၀၀/-)ကျပ်ကိုလည်းကောင်း၊ (၃-၈-၂၀၁၉)ရက်နေ့တွင် ကူးတို့ဆိပ်အုပ်စု၊ တောင်ပို့တစ်ရာအုပ်စုနှင့် ကမ်းနားရပ်ကွက်တို့တွင် လေပြင်းတိုက်ခတ်မှု ကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော အိမ်ခြေ(၂)လုံးနှင့် ပြိုလဲပျက်စီးခဲ့သောအိမ်ခြေ(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၆၀,၀၀၀/-)ကျပ် ဘေးသင့်လူဦးရေ(၂၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာအတွက်ထောက်ပံ့ငွေ(၅၄,၆၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၄၁၄,၆၀၀/-)ကျပ်တို့ကို (၅-၈-၂၀၁၉)ရက်နေ့တွင် ဇလွန်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင့် သတင်းရရှိပါသည်။

Source; ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

# ha_sgw

# ha_rbe

# ayy_aug 2019

Sign Up

Upcoming Events