လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ရေးမြို့နယ် ၊ ဇီဖြူသောင်ကျးရွာ၌ (၄-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောဒီရေမြင့်တက်၍ လှိုင်းပုတ်ခတ်မှုကြောင့် ပြိုကျနေအိမ် (၄) လုံးနှင့် ယိုင်နဲ့နေအိမ် (၂၉) လုံးတို့ရှိ အိမ်ထောင်စု (၃၇) စုမှ လူဦးရေ (၁၇၃) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၆၃,၃၀၀/-) ကျပ်နှင့် ပြိုကျနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်တို့ကို (၅-၈-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#mon_aug2019
Source: ရေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)