လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကျုံဒဒွန်းကျေးရွာအုပ်စု၊ ကျုံဒဒွန်းကျေးရွာ၊ ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကျေးရွာ၊ မယ်ဇလီကွင်းပေါက်ကျေးရွာအုပ်စု၊ ဖန်ခါးကုန်းကျေးရွာတို့၌ (၂-၈-၂၀၁၉) ရက်နေ့မှ (၄-၈-၂၀၁၉) ရက်နေ့အတွင်း ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၃) လုံးမှ လူဦးရေ (၁၀) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၁,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃) အိမ်ထောင်စုစာတို့ကို လည်းကောင်း၊ ပြိုကျပျက်စီးသိမ်ကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်ကိုလည်းကောင်း (၆-၈-၂၀၁၉) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_aug2019
Source: သာပေါင်းမြို့နယ်ကြီးဦးစီးမှူးရုံး(ဘစမ)