Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၁၉)ရက်နေ့ (၀၁း၀၀)နာရီအချိန်တွင် မကွေးမြို့၊ အ.ထ.က(၁)ကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ အင်အား (၁၆၀)ဦးခန့်အား သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များအကြောင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများ ဟောပြောပို့ချခြင်းနှင့် သဘာဝဘေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_aug2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
-
ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျောက်ရဲကျွန်းကျေးရွာတွင် (၁၆-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု(၈)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၈၀၀,၀၀၀/-)၊ လူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၆၀,၉၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၆၀,၉၀၀/-)ကျပ်အား (၁၉-၈-၂၀၁၉)ရက်နေ့ (၁၄း၄၅)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ သွားရောက်လွှဲပြောင်းထာက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_aug2019 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း (၁၇-၈-၂၀၁၉)ရက်နေ့ (၁၈:၃၀)အချိန်မှ (၁၉:၃၀)အချိန်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများလာပြီး မဒါန်းချောင်းရေ မြင့်တက်လာသဖြင့် ကန်သာကျေးရွာအုပ်စု၊ သဲဖြူကျးရွာရှိ ရေဝင်ပြောင်းရွှေ့အိမ်ထောင်စု(၄၈)စု၊ လူဦးရေ(၂၀၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၂၁၀ဝ/-)ကျပ်အား နေပြည်တော်ကောင်စီဝင်၊ လယ်ဝေးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများသည် (၁၉-၈-၂၀၁၉)ရက်နေ့၊ (၁၂:၀၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source; နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ha_fld #npw_aug 2019
-
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။
ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး၊ လက်ရှိရေမှတ်မှ နောက် (၂)ရက် အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိ ပြုနေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၁၉)ရက်နေ့၊ (၁ဝး၀၀)နာရီမှ (၁၂းဝဝ)နာရီအထိ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ကျိုက္ကော်)၌ ကျောင်းသား/ကျောင်းသူ အင်အားစုစုပေါင်း (၈၀၀)ဦးခန့်ကို ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source; သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_aug 2019
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ အကြံပေးပညာရှင်များနှင့်ညှိနှိုင်းဆွေးနွေးမှုသတင်း
၁၈-၈-၂၀၁၉၊ရန်ကုန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံး၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏အကြံပေးပညာရှင်များနှင့်တွေ့ဆုံခဲ့ပါသည်။ အကြံပေးပညာရှင်များက ဆွေးနွေးရာတွင်အကြံပြုချက်များနှင့်ပတ်သက်၍ အကျိုးဖြစ်ထွန်းမှုနှင့်ထိရောက်စွာဆောင်ရွက်နိုင်မှုအခြေအနေကို သိရှိလိုကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနကခန့်မှန်းထုတ်ပြန်ချက်အရ မိုးလယ်ကာလများတွင် မြန်မာနိုင်ငံအောက်ပိုင်းတွင်မိုးများနိုင်ပြီးမိုးနှောင်းပိုင်းတွင် မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးပိုနိုင်မည်ဖြစ်ကြောင်း နှင့်၎င်းတို့၏ အကျိုးဆက်များကိုသတိထားရန်လိုအပ်ကြောင်း၊ အချိန်တိုအတွင်းမိုးများများရွာသွန်းခြင်းသည်မြေပြိုအန္တရာယ်ရှိနိုင်ကြောင်း၊ ဆည်များ၏အခြေအနေ၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့၏ မြစ်ရေအခြေအနေနှင့်ပတ်သက်၍ ဧရာဝတီတိုင်းတွင်တာများဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရေကြီးရေလျှံဘေးအန္တရာယ်ဖြစ်ပွားနိုင်မှုအခြေအနေများကိုခရိုင်၊ မြို့နယ်အလိုက် Mapping ပြုလုပ်ထားရန်လိုအပ်မည်ဖြစ်ကြောင်း၊ မိုးကြိုကာလတွင်သဘာဝဘေးခံနိုင်အောင်ဆောင်ရွက်ထားရှိရန်နှင့်ရေပိုလွှဲမှရေများစနစ်တကျ စီးဆင်းမှုရှိစေရေး ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့်ပေါင်မြို့နယ်မြေပြိုမှုဖြစ်စဉ်အတွက်ကွင်းဆင်းလေ့လာဆန်းစစ်မှုကိုဆောင်ရွက်မည်ဖြစ်ကြောင်းဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးကတနင်္သာရီနှင့်ကျိုက်မရောမြို့နယ်တို့တွင်နှစ်စဉ်ရေကြီးမှုဖြစ်စဉ်နှင့်ပတ်သက်၍ဆက်စပ်သောမြစ်များ၏အခြေအနေကိုလိုအပ်သောပညာရပ်ဆိုင်ရာဆန်းစစ်လေ့လာမှုဆောင်ရွက်ရန်လိုအပ်ကြောင်း၊ပညာရှင်များ၏အကြံပြုချက်များကိုအလေးထားဆောင်ရွက်မည်ဖြစ်ကြောင်း၊ပညာရှင်များကလည်းအစိုးရ၏လိုအပ်ချက်အရအကြံပေးတင်ပြခြင်း၊လိုအပ်သောစီမံချက်များရေးဆွဲတင်ပြခြင်းများပြုလုပ်ပေးပါရန်နှင့်အကြံပေးအဖွဲ့ဝင်များ၏အစည်းအဝေးများကိုပုံမှန်ကျင်းပသွားရန်ဆွေးနွေးပြောကြားခဲ့ကြကြောင်းသတင်းရရှိပါသည်။ Sourceး MOSWRR #hl1 #ygn_aug2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၁၉)ရက်နေ့(၀၉း၃၀)နာရီတွင် ရခိုင်ပြည်နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ စုစုပေါင်း အင်အား(၅၀)ဦးတို့အား စစ်တွေမြို့၊ မင်းသူရိယခန်းမ၌ သဘာဝဘေးကြိုတင်တကာကွယ်ရေးအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး ဘေး(၈)မျိုး လက်ကမ်းစာစောင် (၅၀)ခုနှင့် နံရံကပ်ပိုစတာ(၂၀)ခုတို့အား ဖြန့်ဝေဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #rke_aug 2019
-
ဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၁၉) ရက်နေ့ (၂၁:၀၀)အချိန်၌ တောင်ကြီးမြို့နယ်၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၁၁)စိန်ဆွယ်လမ်းတွင် မိုးသည်းထန်စွာရွာသွန်း၍ အုတ်တံတိုင်းပြိုကျမှုကြောင့် လူ(၁)ဦး သေဆုံးခဲ့ဲပြီး၊ အဆိုပါသေဆုံးသူအတွက် ထောက်ပံ့ရန်ပုံငွေ(၃၀၀၀၀ဝ/-)ကျပ်အား (၁၈-၈-၂၀၁၉)ရက်နေ့တွင် သွားရောက်ထာက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Sourceး ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld #shn_aug 2019
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့ကရိတ်မြို့၌ မိုးသည်းထန်စွာရွာသွန်း၍ ဖြစ်ပွားခဲ့သောရေဘေးကြောင့် ကော့ကရိတ်မြို့နယ်အတွင်း နီးစပ်ရာဆွေမျိုးများနေအိမ်သို့ပြောင်းရွှေ့ နေထိုင်သော ရေဘေးသင့်အိမ်ထောင်စု(၁၂၉)စု၊ လူဦးရေ(၅၄၁)ဦးနှင့် ကော့ကရိတ်မြို့နယ်အတွင်း ရေဘေးသင့်ဘုန်းကြီးကျောင်း(၂)ကျောင်း ရှိရဟန်း(၁၆)ပါး၊ သာမဏေ(၃၉)ပါး၊ စာသင်သားရဟန်းသာမဏေ(၅၇၁)ပါး၊ စုစုပေါင်းရဟန်းသာမဏေ(၆၂၆)ပါးတို့အား ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၃၁၄၆၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ(၅၄၁)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ(၁၁၃၆၁၀၀/-)ကျပ်ကို(၁၈-၈-၂၀၁၉)ရက်နေ့တွင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ သင့်ပြည်သူများလက်ဝယ်သို့အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Sourceး ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #krn_aug 2019









