လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျောက်ရဲကျွန်းကျေးရွာတွင် (၁၆-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု(၈)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၈၀၀,၀၀၀/-)၊ လူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၆၀,၉၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၆၀,၉၀၀/-)ကျပ်အား (၁၉-၈-၂၀၁၉)ရက်နေ့ (၁၄း၄၅)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ သွားရောက်လွှဲပြောင်းထာက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_aug2019
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~