ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့ကရိတ်မြို့၌ မိုးသည်းထန်စွာရွာသွန်း၍  ဖြစ်ပွားခဲ့သောရေဘေးကြောင့် ကော့ကရိတ်မြို့နယ်အတွင်း နီးစပ်ရာဆွေမျိုးများနေအိမ်သို့ပြောင်းရွှေ့ နေထိုင်သော ရေဘေးသင့်အိမ်ထောင်စု(၁၂၉)စု၊ လူဦးရေ(၅၄၁)ဦးနှင့် ကော့ကရိတ်မြို့နယ်အတွင်း ရေဘေးသင့်ဘုန်းကြီးကျောင်း(၂)ကျောင်း ရှိရဟန်း(၁၆)ပါး၊ သာမဏေ(၃၉)ပါး၊ စာသင်သားရဟန်းသာမဏေ(၅၇၁)ပါး၊ စုစုပေါင်းရဟန်းသာမဏေ(၆၂၆)ပါးတို့အား ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၃၁၄၆၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ(၅၄၁)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ(၁၁၃၆၁၀၀/-)ကျပ်ကို(၁၈-၈-၂၀၁၉)ရက်နေ့တွင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ  သင့်ပြည်သူများလက်ဝယ်သို့အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

Sourceး ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fld

#krn_aug 2019

Sign Up

Upcoming Events