၁၈-၈-၂၀၁၉၊ရန်ကုန်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံး၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏အကြံပေးပညာရှင်များနှင့်တွေ့ဆုံခဲ့ပါသည်။
အကြံပေးပညာရှင်များက ဆွေးနွေးရာတွင်အကြံပြုချက်များနှင့်ပတ်သက်၍ အကျိုးဖြစ်ထွန်းမှုနှင့်ထိရောက်စွာဆောင်ရွက်နိုင်မှုအခြေအနေကို သိရှိလိုကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနကခန့်မှန်းထုတ်ပြန်ချက်အရ မိုးလယ်ကာလများတွင် မြန်မာနိုင်ငံအောက်ပိုင်းတွင်မိုးများနိုင်ပြီးမိုးနှောင်းပိုင်းတွင် မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးပိုနိုင်မည်ဖြစ်ကြောင်း နှင့်၎င်းတို့၏ အကျိုးဆက်များကိုသတိထားရန်လိုအပ်ကြောင်း၊ အချိန်တိုအတွင်းမိုးများများရွာသွန်းခြင်းသည်မြေပြိုအန္တရာယ်ရှိနိုင်ကြောင်း၊ ဆည်များ၏အခြေအနေ၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့၏ မြစ်ရေအခြေအနေနှင့်ပတ်သက်၍ ဧရာဝတီတိုင်းတွင်တာများဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရေကြီးရေလျှံဘေးအန္တရာယ်ဖြစ်ပွားနိုင်မှုအခြေအနေများကိုခရိုင်၊ မြို့နယ်အလိုက် Mapping ပြုလုပ်ထားရန်လိုအပ်မည်ဖြစ်ကြောင်း၊ မိုးကြိုကာလတွင်သဘာဝဘေးခံနိုင်အောင်ဆောင်ရွက်ထားရှိရန်နှင့်ရေပိုလွှဲမှရေများစနစ်တကျ စီးဆင်းမှုရှိစေရေး ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့်ပေါင်မြို့နယ်မြေပြိုမှုဖြစ်စဉ်အတွက်ကွင်းဆင်းလေ့လာဆန်းစစ်မှုကိုဆောင်ရွက်မည်ဖြစ်ကြောင်းဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးကတနင်္သာရီနှင့်ကျိုက်မရောမြို့နယ်တို့တွင်နှစ်စဉ်ရေကြီးမှုဖြစ်စဉ်နှင့်ပတ်သက်၍ဆက်စပ်သောမြစ်များ၏အခြေအနေကိုလိုအပ်သောပညာရပ်ဆိုင်ရာဆန်းစစ်လေ့လာမှုဆောင်ရွက်ရန်လိုအပ်ကြောင်း၊ပညာရှင်များ၏အကြံပြုချက်များကိုအလေးထားဆောင်ရွက်မည်ဖြစ်ကြောင်း၊ပညာရှင်များကလည်းအစိုးရ၏လိုအပ်ချက်အရအကြံပေးတင်ပြခြင်း၊လိုအပ်သောစီမံချက်များရေးဆွဲတင်ပြခြင်းများပြုလုပ်ပေးပါရန်နှင့်အကြံပေးအဖွဲ့ဝင်များ၏အစည်းအဝေးများကိုပုံမှန်ကျင်းပသွားရန်ဆွေးနွေးပြောကြားခဲ့ကြကြောင်းသတင်းရရှိပါသည်။
Sourceး MOSWRR
#hl1
#ygn_aug2019