လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း (၁၇-၈-၂၀၁၉)ရက်နေ့ (၁၈:၃၀)အချိန်မှ (၁၉:၃၀)အချိန်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများလာပြီး မဒါန်းချောင်းရေ မြင့်တက်လာသဖြင့် ကန်သာကျေးရွာအုပ်စု၊ သဲဖြူကျးရွာရှိ ရေဝင်ပြောင်းရွှေ့အိမ်ထောင်စု(၄၈)စု၊ လူဦးရေ(၂၀၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၂၁၀ဝ/-)ကျပ်အား နေပြည်တော်ကောင်စီဝင်၊ လယ်ဝေးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများသည် (၁၉-၈-၂၀၁၉)ရက်နေ့၊ (၁၂:၀၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source; နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
#ha_fld
#npw_aug 2019