လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၁၉)ရက်နေ့၊ (၁ဝး၀၀)နာရီမှ (၁၂းဝဝ)နာရီအထိ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ကျိုက္ကော်)၌ ကျောင်းသား/ကျောင်းသူ အင်အားစုစုပေါင်း (၈၀၀)ဦးခန့်ကို ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source; သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#mon_aug 2019