Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၈-၂၀၁၉) ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် မကွေးမြို့နယ်၊ အ.မ.က(လွန်)ကျောင်း၊ မြင်းကင်းကျေးရွာ၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ အင်အား (၁၂၀) ဦးခန့်အား သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအကြောင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများ ဟောပြောပို့ချခြင်းနှင့် သဘာဝဘေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #mgy_aug2019
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လားရှိူးမြို့တွင် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်းနှင့် မူးယစ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
၁၉-၈-၂၀၁၉၊ လားရှိုး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ တာဝန်ရှိသူတို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့သို့ ရောက်ရှိပြီးပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှူးရုံးတွင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များနှင့်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲတွင်ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် သဘာဝဘေး၊လူကြောင့်ဖြစ်သော ဘေးများနှင့် ပတ်သက်၍စီမံခန့်ခွဲရန်တာဝန်ရှိကြောင်း၊အစိုးရသည်ပြည်သူများအားလုံးသာတူညီမျှခံစားရရှိရေးအတွက်ကြိုးစားဆောင်ရွက်လျက်ရှိရာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုများတွင်မိမိတို့ဝန်ကြီးဌာနကအလျင်အမြန်တုန့်ပြန်ဆောင်ရွက်လျက်ရှိကြောင်း၊ယနေ့လာရောက်ခြင်းသည်သဘာဝဘေးများအပြင်လူကြောင့်ဖြစ်သောဘေးဖြစ်သည့်တိုက်ပွဲများကြောင့်နေရပ်စွန့်ခွာလာကြသောပြည်သူများကိုနှစ်သိမ့်အားပေးရန်နှင့်ထောက်ပံ့မှုများအလျင်အမြန်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ဒုတိယသမ္မတကဥက္ကဌအဖြစ်ဆောင်ရွက်သောအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကဦးဆောင်၍လုပ်ငန်းကော်မတီ (၁၂) ရပ်ဖြင့်ပူးပေါင်းဆောင်ရွက်လျက်သဘာဝဘေးစီမံခန့်ခွဲမှုကိုပြုလုပ်လျက်ရှိကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့်ဆင့်သည်လူမှုအဖွဲ့အစည်းများ၊ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိရာရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းယနေ့ ဖြစ်ပေါ်လျက်ရှိသောတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြည်သူများ၏ အခြေအနေနှင့်လိုအပ်ချက်များကိုသုံးသပ်ဆွေးနွေးပေးကြပါရန်ပြောကြားခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသူများကဆွေးနွေးကြရာသြဂုဏ်လ (၁၅) ရက်နေ့မှ (၁၈)ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်၊ဆောင်ရွက်ထားရှိမှုနှင့်ထောက်ပံ့ပေးအပ်ထားမှု အခြေအနေများကိုလည်းကောင်း၊ ခရိုင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ကယ်ဆယ်ရေး ပစ္စည်းများ ကိုပိုမိုထားရှိပေးနိုင်ရန်၊ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အဦ ဆောက်လုပ်ပေးနိုင်ရန်နှင့် ရှမ်း ပြည်နယ်မြောက်ပိုင်း အတွက်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာ မြို့နယ်၊ သောင်ဘုတ်ကျေးရွာအုပ်စု၊ သောင်ဘုတ်ကျေးရွာတွင် (၁၆-၈-၂၀၁၉)ရက်နေ့၌် ဖြစ်ပွားသော ကမ်းပြိုဘေးသင့် အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုရှိ လူဦးရေ(၈)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၆၈၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၂၁၆၈၀၀/)ကျပ်ကို (၂၀-၈-၂၀၁၉) ရက်နေ့တွင် လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက်ပေးပို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_aug 2019
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နောင်ချိုမြို့နယ်၊ ဂုတ်တွင်းရဲကင်း၌ တာဝန်ထမ်းဆောင်နေစဉ် လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သော ရဲတပ်ဖွဲ့ဝင်(၃)ဦးအတွက် ထောက်ပံ့ငွေကျပ် (၉၀၀,၀၀၀/-)အား (၁၉-၈-၂၀၁၉)ရက်နေ့ ခရိုင်ရဲမှူးနှင့် မြို့နယ်ရဲမှူးတို့မှ လက်ခံရယူခဲ့ပြီး ကျန်ရစ်သူမိသားစုများထံသို့ ဆက်လက်လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #shn_aug 2019
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စု၊ ရဲပြားကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး၊ တောင်ပြိုမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၉)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၈,၉၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၈,၉၀၀/-)ကျပ်အားလည်းကောင်း၊ ပြိုကျပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ ပျံလွန်တော်မူခဲ့သော သံဃာတော်(၁)ပါးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်အားလည်းကောင်းနှင့် တောင်ပြိုမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် သံဃာတော်(၂)ပါးအတွက်(၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇၁၈,၉၀၀/-)ကျပ်အား(၁၉-၈-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၃)လုံး အတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၈)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၆,၈၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၁၆,၈၀၀/-)ကျပ် အားလည်းကောင်း၊ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် ဗလီဘာသာရေးအဆောက်အဦအတွက် ထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၁၆,၈၀၀/-)ကျပ်အား (၁၉-၈.၂၀၁၉) ရက်နေ့တွင်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #mon_aug 2019
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မူဆယ်မြို့၊ ခရစ်ယာန်ရပ်ကွက်တွင်(၁၄-၈-၂၀၁၉)ရက်နေ့မှ(၁၅-၈-၂၀၁၉)ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုမှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သော အိမ်ခြေ(၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၃၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၆၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၃၈၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၄၃၈၆၀၀/-)ကျပ် တို့အား(၁၉-၈-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_lsd #shn_aug 2019
-
သင်တန်းများဖွင့်လှစ်ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန နှင့် မြန်မာနိုင်ငံဘေးအန္တရာယ်တိုင်ရာကြိုတင်ပြင်ဆင်မှုမိတ်ဖက်အဖွဲ့ (MPP) တို့ ပူးပေါင်း၍ (၁၉-၈-၂၀၁၉) ရက်နေ့မှ (၂၂-၈-၂၀၁၉) ရက်နေ့အထိ ဖွင့်လှစ်မည့် “စီးပွားရေးလုပ်ငန်းများစဉ်ဆက်မပြတ်လည်ပတ်နိုင်ရေးစီမံခန့်ခွဲမှုဆိုင်ရာနည်းပြသင်တန်း”၊ “လူသားချင်းစာနာမှုဆိုင်ရာ ခေါင်းဆောင်မှုနည်းပြသင်တန်း” နှင့် (၂၃-၈-၂၀၁၉)ရက်နေ့ မှ(၂၇-၈-၂၀၁၉)ရက်နေ့အထိ ဖွင့်လှစ်မည့် “ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာနည်းပြသင်တန်း” တို့၏ ဖွင့်ပွဲအခမ်းအနားကို ပြည်ခရိုင်၊ ပြည်မြို့၊ ကမ်းနားလမ်း၊ ဆင်စုရပ်ကွက်ရှိ ဧရာဝတီဟိုတယ်၌ (၁၉-၈-၂၀၁၉)ရက်နေ့(၈:၃၀)နာရီအချိန်တွင် ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြန်မာနိုင်ငံဘေးအန္တရာယ် တိုင်ရာကြိုတင်ပြင်ဆင်မှုမိတ်ဖက်အဖွဲ့ (MPP)မှတာဝန်ရှိသူများ၊ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၁၉) ရက်နေ့တွင် ဝမ္မသူးကျေးရွာ၊ (အ.ထ.က)ကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ အင်အားစုစုပေါင်း(၂၀၀)ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Sourceး မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #chn_aug 2019
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၁၉) ရက်နေ့မှ(၁၂-၈-၂၀၁၉)ရက်နေ့ထိ လှိုင်းဘွဲမြို့နယ်တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ရေဘေးသင့်အိမ်ထောင်စု(၁၁၈)စု၊ လူဦးရေး(၅၁၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၈၃၆၀၀/-)ကျပ်၊ (၅-၈-၂၀၁၉)ရက်နေ့(၁၅း၂၀)အချိန်တွင် လှိုင်းဘွဲမြို့နယ်၊ ကျောက်တောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၅၀၀၀/-)ကျပ်၊ (၁၁-၈-၂၀၁၉)ရက်နေ့(၀၉း၃၀)အချိန်တွင် ရွှေဂွန်းကျေးရွာအုပ်စု၊ မြို့မရပ်ကွက်၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့်ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသည့် အိမ်ထောင်စု(၃)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်နှင့် (၁၁-၈-၂၀၁၉)ရက်နေ့(၁၅း၀၀)နာရီအချိန်တွင် လှိုင်းဘွဲမြို့နယ်၊ လှကဇိုင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀၀၀၀/-)ကျပ်နှင်း လူဦးရေး(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံငွေ(၁၆၂၇၀၀၀/-)ကျပ်အား(၁၉-၈-၂၀၁၉)ရက်နေ့(၁၃း၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး … Read more









