လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၁၉) ရက်နေ့မှ(၁၂-၈-၂၀၁၉)ရက်နေ့ထိ လှိုင်းဘွဲမြို့နယ်တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ရေဘေးသင့်အိမ်ထောင်စု(၁၁၈)စု၊ လူဦးရေး(၅၁၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၈၃၆၀၀/-)ကျပ်၊ (၅-၈-၂၀၁၉)ရက်နေ့(၁၅း၂၀)အချိန်တွင် လှိုင်းဘွဲမြို့နယ်၊ ကျောက်တောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၅၀၀၀/-)ကျပ်၊ (၁၁-၈-၂၀၁၉)ရက်နေ့(၀၉း၃၀)အချိန်တွင် ရွှေဂွန်းကျေးရွာအုပ်စု၊ မြို့မရပ်ကွက်၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့်ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသည့် အိမ်ထောင်စု(၃)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်နှင့် (၁၁-၈-၂၀၁၉)ရက်နေ့(၁၅း၀၀)နာရီအချိန်တွင် လှိုင်းဘွဲမြို့နယ်၊ လှကဇိုင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀၀၀၀/-)ကျပ်နှင်း လူဦးရေး(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံငွေ(၁၆၂၇၀၀၀/-)ကျပ်အား(၁၉-၈-၂၀၁၉)ရက်နေ့(၁၃း၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Sourceး ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#ha_sgw
#ha_rbe
#krn_aug 2019