လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မူဆယ်မြို့၊ ခရစ်ယာန်ရပ်ကွက်တွင်(၁၄-၈-၂၀၁၉)ရက်နေ့မှ(၁၅-၈-၂၀၁၉)ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုမှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သော အိမ်ခြေ(၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၃၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၆၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၃၈၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၄၃၈၆၀၀/-)ကျပ် တို့အား(၁၉-၈-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Sourceး မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_lsd
#shn_aug 2019