ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာ မြို့နယ်၊ သောင်ဘုတ်ကျေးရွာအုပ်စု၊ သောင်ဘုတ်ကျေးရွာတွင် (၁၆-၈-၂၀၁၉)ရက်နေ့၌် ဖြစ်ပွားသော ကမ်းပြိုဘေးသင့် အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုရှိ လူဦးရေ(၈)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၆၈၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၂၁၆၈၀၀/)ကျပ်ကို (၂၀-၈-၂၀၁၉) ရက်နေ့တွင် လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက်ပေးပို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sourceး ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe

#ayy_aug 2019

Sign Up

Upcoming Events