ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စု၊ ရဲပြားကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး၊ တောင်ပြိုမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၉)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၈,၉၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၈,၉၀၀/-)ကျပ်အားလည်းကောင်း၊ ပြိုကျပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ ပျံလွန်တော်မူခဲ့သော သံဃာတော်(၁)ပါးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်အားလည်းကောင်းနှင့် တောင်ပြိုမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် သံဃာတော်(၂)ပါးအတွက်(၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇၁၈,၉၀၀/-)ကျပ်အား(၁၉-၈-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sourceး သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fld

#mon_aug 2019

Sign Up

Upcoming Events