သင်တန်းများဖွင့်လှစ်ကျင်းပမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန နှင့် မြန်မာနိုင်ငံဘေးအန္တရာယ်တိုင်ရာကြိုတင်ပြင်ဆင်မှုမိတ်ဖက်အဖွဲ့ (MPP) တို့ ပူးပေါင်း၍ (၁၉-၈-၂၀၁၉) ရက်နေ့မှ (၂၂-၈-၂၀၁၉) ရက်နေ့အထိ ဖွင့်လှစ်မည့် “စီးပွားရေးလုပ်ငန်းများစဉ်ဆက်မပြတ်လည်ပတ်နိုင်ရေးစီမံခန့်ခွဲမှုဆိုင်ရာနည်းပြသင်တန်း”၊ “လူသားချင်းစာနာမှုဆိုင်ရာ ခေါင်းဆောင်မှုနည်းပြသင်တန်း” နှင့် (၂၃-၈-၂၀၁၉)ရက်နေ့ မှ(၂၇-၈-၂၀၁၉)ရက်နေ့အထိ ဖွင့်လှစ်မည့် “ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာနည်းပြသင်တန်း” တို့၏ ဖွင့်ပွဲအခမ်းအနားကို ပြည်ခရိုင်၊ ပြည်မြို့၊ ကမ်းနားလမ်း၊ ဆင်စုရပ်ကွက်ရှိ ဧရာဝတီဟိုတယ်၌ (၁၉-၈-၂၀၁၉)ရက်နေ့(၈:၃၀)နာရီအချိန်တွင် ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြန်မာနိုင်ငံဘေးအန္တရာယ် တိုင်ရာကြိုတင်ပြင်ဆင်မှုမိတ်ဖက်အဖွဲ့ (MPP)မှတာဝန်ရှိသူများ၊ ခရိုင်အဆင့်တာဝန်ရှိသူများ၊ နည်းပြများနှင့်သင်တန်းသား သင်တန်းသူများစုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sourceး ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#bgo_aug 2019

Sign Up

Upcoming Events