Category Archives: News
-
ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုများဆောင်ရွက်ရာတွင် အသုံးပြုရန် အလှူရှင်များက အလှူငွေများအသီးသီးလာရောက်လှူဒါန်းမှုသတင်း
နေပြည်တော်၊ သြဂုတ် ၂၆ မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက လှူဒါန်းငွေကျပ် (၅၀,၀၀၀,၀၀၀ိ/-)(ကျပ်သိန်းငါးရာတိတိ/-)၊ SNK (ASIA PACIFIC)PTE;LTD. MAYANMAR BRANCH) ကလှူဒါန်းငွေကျပ် (၇,၆၀၀,၀၀၀ိ/-)(ကျပ်ခုနှစ်ဆယ့်ခြောက်သိန်းတိတိ/-) နှင့် မြန်မာနွယ်ဖွားတရုတ်လူမှုကူညီရေးပရဟိတအသင်းက လှူဒါန်းငွေကျပ် (၄,၀၀၀,၀၀၀ိ/-) (ကျပ်သိန်းလေးဆယ်တိတိ/-) ကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ အလားတူ ယနေ့ညနေပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံးသို့လည်း အလှူငွေများ နှင့်ပစ္စည်းများလာရောက်လှူဒါန်းလျက်ရှိရာ ShweThazin Family and … Read more
-
ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုများဆောင်ရွက်ရာတွင် အသုံးပြုရန် အလှူရှင်များက အလှူငွေများအသီးသီးလာရောက် လှူဒါန်းမှုသတင်း
နေပြည်တော်၊ သြဂုတ် ၂၆ မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက်ထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းက လှူဒါန်းငွေကျပ် (၅၀,၀၀၀,၀၀၀ိ/-)(ကျပ်သိန်းငါးရာတိတိ/-)၊ SNK (ASIA PACIFIC)PTE;LTD. MAYANMAR BRANCH) ကလှူဒါန်းငွေကျပ် (၇,၆၀၀,၀၀၀ိ/-)(ကျပ်ခုနှစ်ဆယ့်ခြောက်သိန်းတိတိ/-)နှင့်မြန်မာနွယ်ဖွားတရုတ်လူမှုကူညီရေးပရဟိတအသင်းက လှူဒါန်းငွေကျပ် (၄,၀၀၀,၀၀၀ိ/-) (ကျပ်သိန်းလေးဆယ်တိတိ/-) ကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ အလားတူ ယနေ့ညနေပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံးသို့လည်း အလှူငွေများနှင့်ပစ္စည်းများ လာရောက် လှူဒါန်းလျက်ရှိရာ ShweThazin Family and Myanmar Kindness Foundation က … Read more
-
ပဋိပက္ခအတွင်းအမျိုးသမီးများအားအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီ၏လုပ်ငန်းစီမံချက်(မူကြမ်း)အတည်ပြုနိုင်ရေးညှိနှိုင်းဆွေးနွေး
သြဂုတ်၂၆၊နေပြည်တော် ပဋိပက္ခအတွင်းအမျိုးသမီးများအားအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီ၏လုပ်ငန်းစီမံချက်(မူကြမ်း)အတည်ပြုနိုင်ရေးနှင့်Technical Working Group ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအကြံပြုဆွေးနွေးခြင်းများအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင်ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ် ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဥက္ကဌ ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယခုအစည်းအဝေးသည် ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့်တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မ၏ (၄)ကြိမ်မြောက်အစည်းအဝေးဖြစ်ကြောင်း၊ ကုလသမဂ္ဂဆိုင်ရာမြန်မာ အမြဲတမ်းကိုယ်စားလှယ်နှင့် ပဋိပက္ခအတွင်းအမျိုးသမီးများအားအကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်တို့အကြား ပဋိပက္ခအတွင်းလိင်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ထို့အတွက် မိမိတို့အနေဖြင့် အမျိုးသားအဆင့် ကော်မတီကိုဖွဲ့စည်း၍ အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယနေ့အစည်းအဝေး၌ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၈-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ်၊ စုတည်ကျေးရွာ၊ အ.ထ.က (ခွဲ) စုတည်၌ ကျောင်းသား/သူစုစုပေါင်း (၁၈၀) ဦးခန့်ကို လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ဝါခင်းကြီးကျေးရွာ၊ အ.လ.က (ခွဲ) ဝါခင်းကြီး၌ ကျောင်းသား/သူစုစုပေါင်း (၉၀) ဦးခန့်ကိုလည်းကောင်း သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ ဟောပြောခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_aug2019 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ငလျင်ဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၈-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် ညောင်ဦးမြို့နယ်၊ ရွှေစည်းခုံစေတီရင်ပြင်တော်ပေါ်၌ ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေးဟောပြောခဲ့ရာ ရွှေစည်းခုံ၊ အာနန္ဒာ၊ ထီးလိုမင်းလို၊ ဓမ္မရံကြီး၊ မဟာငှက်ပစ်တောင်နှင့် စူဠာမဏိစေတီတော်တို့မှ ဂေါပကအဖွဲ့ဝင်များ၊ ဘုရားဝေယျာဝိစ္စဆောင်ရွက်သူများ စုစုပေါင်းလူဦးရေ (၂၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ငလျင်ဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_eqk #mdy_aug2019 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၀၀) နာရီအချိန်၊ မြစ်ရေကြီးမှုအခြေအနေသတင်းထုတ်ပြန်ချက်
စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ++++++++++++++++++++ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၂)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် ++++++ သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
-
မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုတ်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးနှင့် မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မော်လမြိုင်ကျွန်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ တို့နှင့်ပူးပေါင်း၍ (၂၆-၈-၂၀၁၉) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်မြို့နယ်၊ ကြက်ရှာကျေးရွာအုပ်စု၊ ကြက်ရှာစံပြကျေးရွာ၌ မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုတ်လေ့ကျင့်ခန်းကို ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူ (၃၀)ဦး၊ ကျေးရွာနေပြည်သူ (၆၀၀)ဦးတို့ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #simex_str #ayy_aug2019 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မြေအက်ကွဲကြောင်းများဖြစ်ပေါ်နေမူကို ကွင်းဆင်းကြည့်ရှုမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်သူ့လွှတ်တော်အမတ်၊ မုံရွာတက္ကသိုလ် ဘူမိဗေဒပညာရှင်၊ မြင်းမူမြို့နယ်အုပ်ချုပ်ရေးမှူးတိုနှင့်အတူ မြင်းမူမြို့နယ်၊ ငါကင်းတောင်ရွာ၌ မြေအက်ကွဲ ကြောင်းများဖြစ်ပေါ်နေမူကို (၂၄-၈-၂၀၁၉) ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ha_otr #sgg_aug2019 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များက ဝန်ကြီးဌာနသို့ အလှူငွေများလာရောက်လှူဒါန်း
နေပြည်တော်၊ သြဂုတ် ၂၄ မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုများဆောင်ရွက်ရာတွင် အသုံးပြု နိုင်ရန် မတ္တရာမြို့နယ်လုံးဆိုင်ရာ ပရဟိတအသင်းချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ဦးဆောင်၍ မတ္တရာမြို့ သူ/မြို့သား၊ နယ်သူ/နယ်သားများမှ လှူဒါန်းငွေ ကျပ် (၁,၀၀၀,၀၀၀ိ/-) (ကျပ်ဆယ်သိန်းတိတိ/-) နှင့် ကျပ် (၄,၆၃၃,၀၀၀ိ/-) တန်ဖိုးရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများစုစုပေါင်းတန်းဖိုး (၅,၆၃၃,၀၀၀) ကျပ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့နံနက်ပိုင်းတွင် လာရောက်ပေးအပ် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ပါ သည်။ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် ဘေးဒုက္ခခံစားနေရသောပြည်သူများအတွက် စာနာစိတ်ဖြင့် … Read more









