ငလျင်ဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောမှုသတင်း

26 _ Pic _ 01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၈-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် ညောင်ဦးမြို့နယ်၊ ရွှေစည်းခုံစေတီရင်ပြင်တော်ပေါ်၌ ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေးဟောပြောခဲ့ရာ ရွှေစည်းခုံ၊ အာနန္ဒာ၊ ထီးလိုမင်းလို၊ ဓမ္မရံကြီး၊ မဟာငှက်ပစ်တောင်နှင့် စူဠာမဏိစေတီတော်တို့မှ ဂေါပကအဖွဲ့ဝင်များ၊ ဘုရားဝေယျာဝိစ္စဆောင်ရွက်သူများ စုစုပေါင်းလူဦးရေ (၂၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ငလျင်ဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar_eqk

#mdy_aug2019

Source:           ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events