လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၈-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ်၊ စုတည်ကျေးရွာ၊ အ.ထ.က (ခွဲ) စုတည်၌ ကျောင်းသား/သူစုစုပေါင်း (၁၈၀) ဦးခန့်ကို လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ဝါခင်းကြီးကျေးရွာ၊ အ.လ.က (ခွဲ) ဝါခင်းကြီး၌ ကျောင်းသား/သူစုစုပေါင်း (၉၀) ဦးခန့်ကိုလည်းကောင်း သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ ဟောပြောခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mdy_aug2019
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)