ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုများဆောင်ရွက်ရာတွင် အသုံးပြုရန် အလှူရှင်များက အလှူငွေများအသီးသီးလာရောက်လှူဒါန်းမှုသတင်း

နေပြည်တော်၊ သြဂုတ် ၂၆
မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက လှူဒါန်းငွေကျပ် (၅၀,၀၀၀,၀၀၀ိ/-)(ကျပ်သိန်းငါးရာတိတိ/-)၊ SNK (ASIA PACIFIC)PTE;LTD. MAYANMAR BRANCH) ကလှူဒါန်းငွေကျပ် (၇,၆၀၀,၀၀၀ိ/-)(ကျပ်ခုနှစ်ဆယ့်ခြောက်သိန်းတိတိ/-) နှင့် မြန်မာနွယ်ဖွားတရုတ်လူမှုကူညီရေးပရဟိတအသင်းက လှူဒါန်းငွေကျပ် (၄,၀၀၀,၀၀၀ိ/-) (ကျပ်သိန်းလေးဆယ်တိတိ/-) ကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
အလားတူ ယနေ့ညနေပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံးသို့လည်း အလှူငွေများ နှင့်ပစ္စည်းများလာရောက်လှူဒါန်းလျက်ရှိရာ ShweThazin Family and Myanmar Kindness Foundation က ငွေကျပ် (၂၁) သိန်းတန်ဖိုးရှိ စားနပ်ရိက္ခာနှင့် လူ့အသုံးအဆောင်ပစ္စည်းများ၊ Myanmar Finance Center (MFC) က ငွေကျပ် (၁၀) သိန်း တန်ဖိုးရှိအဝတ်အထည်မျိုးစုံ၊ The Five တေးသံရှင်ညီမများ က ငွေကျပ် (၆)သိန်းတန်ဖိုးရှိစောင်အထည်(၁၀၀)နှင့် ငွေကျပ် (၃) သိန်း၊ ကွယ်လွန်သူဒေါက်တာကောင်းမြတ် (အရိုးအထူးကုဆရာဝန်ကြီး)အားရည်စူး၍ ဒေါက်တာတင်မိမိ (သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးနှင့်မိသားစု) က ငွေကျပ်(၅)သိန်း၊ Strategy First University မှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ဝန်ထမ်းများက ငွေကျပ် သိန်း (၅၀)၊ Asia HlaingKyaw Family က ငွေကျပ်သိန်း(၂၀)၊ ဦးစံသာဟန်+ဒေါ်အေးအေးမြင့်မိသားစုက ငွေကျပ် (၁)သိန်း၊ ဦးကျော်လင်းဇော်+ဒေါ်အေးမြတ်စံမိသားစုကငွေကျပ်(၇)သောင်း၊ ဦးစိုးမိုးကျော် မိသားစုကငွေကျပ် (၁)သောင်းတို့အားအသီးသီးလာရောက်ပေးအပ်လှူဒါန်းကြရာ ဒုတိယသမ္မတ(၂) ၏ ဇနီး ဒေါက်တာရွှေလွှမ်းနှင့် ရန်ကုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံးမှတာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: MOSWRR

#ha_fld
#npw_aug2019

Sign Up

Upcoming Events