နေပြည်တော်၊ သြဂုတ် ၂၆
မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက်ထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းက လှူဒါန်းငွေကျပ် (၅၀,၀၀၀,၀၀၀ိ/-)(ကျပ်သိန်းငါးရာတိတိ/-)၊ SNK (ASIA PACIFIC)PTE;LTD. MAYANMAR BRANCH) ကလှူဒါန်းငွေကျပ် (၇,၆၀၀,၀၀၀ိ/-)(ကျပ်ခုနှစ်ဆယ့်ခြောက်သိန်းတိတိ/-)နှင့်မြန်မာနွယ်ဖွားတရုတ်လူမှုကူညီရေးပရဟိတအသင်းက လှူဒါန်းငွေကျပ် (၄,၀၀၀,၀၀၀ိ/-) (ကျပ်သိန်းလေးဆယ်တိတိ/-) ကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
အလားတူ ယနေ့ညနေပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံးသို့လည်း အလှူငွေများနှင့်ပစ္စည်းများ လာရောက် လှူဒါန်းလျက်ရှိရာ ShweThazin Family and Myanmar Kindness Foundation က ငွေကျပ်(၂၁)သိန်းတန်ဖိုးရှိစားနပ်ရိက္ခာနှင့် လူ့အသုံးအဆောင်ပစ္စည်းများ၊ Myanmar Finance Center (MFC) က ငွေကျပ် (၁၀)သိန်းတန်ဖိုးရှိအဝတ်အထည်မျိုးစုံ၊ The Five တေးသံရှင်ညီမများ က ငွေကျပ် (၆)သိန်းတန်ဖိုးရှိစောင်အထည်(၁၀၀)နှင့် ငွေကျပ်(၃)သိန်း၊ကွယ်လွန်သူဒေါက်တာကောင်းမြတ်(အရိုးအထူးကုဆရာဝန်ကြီး)အားရည်စူး၍ ဒေါက်တာတင်မိမိ (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးနှင့်မိသားစု)က ငွေကျပ်(၅)သိန်း၊ Strategy First University မှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့်ဝန်ထမ်းများကငွေကျပ် သိန်း(၅၀)၊ Asia HlaingKyaw Family က ငွေကျပ် သိန်း(၂၀)၊ ဦးစံသာဟန်+ဒေါ်အေးအေးမြင့် မိသားစုက ငွေကျပ် (၁)သိန်း၊ ဦးကျော်လင်းဇော်+ဒေါ်အေးမြတ်စံမိသားစုကငွေကျပ်(၇)သောင်း၊ ဦးစိုးမိုးကျော် မိသားစုကငွေကျပ် (၁)သောင်းတို့အား အသီးသီးလာရောက်ပေးအပ်လှူဒါန်းကြရာဒုတိယသမ္မတ(၂)၏ဇနီးဒေါက်တာရွှေလွှမ်းနှင့်ရန်ကုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံးမှ တာဝန်ရှိသူများကလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
Source: MOSWRR
#hl1
#npw_aug2019