နေပြည်တော်၊ သြဂုတ် ၂၄
မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုများဆောင်ရွက်ရာတွင် အသုံးပြု နိုင်ရန် မတ္တရာမြို့နယ်လုံးဆိုင်ရာ ပရဟိတအသင်းချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ဦးဆောင်၍ မတ္တရာမြို့ သူ/မြို့သား၊ နယ်သူ/နယ်သားများမှ လှူဒါန်းငွေ ကျပ် (၁,၀၀၀,၀၀၀ိ/-) (ကျပ်ဆယ်သိန်းတိတိ/-) နှင့် ကျပ် (၄,၆၃၃,၀၀၀ိ/-) တန်ဖိုးရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများစုစုပေါင်းတန်းဖိုး (၅,၆၃၃,၀၀၀) ကျပ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့နံနက်ပိုင်းတွင် လာရောက်ပေးအပ် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ပါ သည်။
ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် ဘေးဒုက္ခခံစားနေရသောပြည်သူများအတွက် စာနာစိတ်ဖြင့် လှူဒါန်းကြခြင်းအတွက် ကျေးဇူးတင်ပါကြောင်း၊ ယခုလာရောက်လှူဒါန်းသူများသည် နေထိုင်ရာဒေသ ချင်းကွဲပြားသော်လည်း တစ်စိတ်တစ်ဝမ်းတည်းရှိသော ပြည်သူများဖြစ်ကြသည်ကို ပြသခြင်းဖြစ်ကြောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထူထောင်ထားသော ရန်ပုံငွေသို့ ဤလှူဒါန်းငွေများကို တိုက်ရိုက်ထည့်သွင်းပြီး ဘေးသင့်ဒေသများ၏ လိုအပ်ချက် အလိုက်ထောက်ပံ့ခြင်း၊ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး အလေအလွင့်မရှိအောင် စနစ်တကျစီမံဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ ပါသည်။
Source: MOSWRR
#hl1
#npw_aug2019