Category Archives: News
-
ပြည်သူများအား DAN app အသုံးပြုပုံများရှင်းလင်းပြောကြားခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၉.၂၀၁၉)ရက်နေ့ ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမတွင် ဖျာပုံခရိုင်ဖျာပုံမြို့နယ်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူ(၁၈၀)ဦးအား ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ပြည်သူ့အသံကြားနာပွဲကို FDAအဖွဲ့မှကျင်းပခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရည်ရွယ်ချက်၊ ပြည်သူများအတွက် ဆောင်ရွက်မှုပေးနေသည့် လုပ်ငန်းတာဝန်များ၊ ထောက်ပံ့မှုများ၊ DAN Mobile Application အသုံးပြုပုံများ ရှင်းလင်းပြောကြားခဲ့ပြီး တယ်လီဖုန်းများတွင်ထည့်သွင်းပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း စသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ – #ar #ayy_sep2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား International Committee of The Red Cross (ICRC) အဖွဲ့လာရောက်တွေ့ဆုံမှုသတင်း
စက်တင်ဘာလ၁၀၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ – International Committee of the Red Cross (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr.Stephan Sakalian ဦးဆောင်သောအဖွဲ့က ယနေ့မွန်းလွဲပိုင်း တွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ICRC က ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှစ၍ ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) အရလူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ခဲ့ရာမှ လက်ရှိကြုံတွေ့နေရသည့် အခက် အခဲများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်၊ ဇေယျာမွန်ရပ်ကွက်နှင့် ကော့ထင်းကျေးရွာအုပ်စုတို့တွင်(၉-၉-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ် (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀ဝိ/-)နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀ဝိ/-)၊ လူဦးရေ (၁၉)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၉၉၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၃၉၉၀ဝိ/-)တို့အား (၁၀-၉-၂၀၁၉)ရက်နေ့၊ ဇေယျာမွန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင် ကော့ထင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတို့၌ မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ (၉.၉.၂၀၁၉)ရက်နေ့ ချောက်မြို့နယ် နရွဲတောကျေးရွာရှိ အထကခွဲကျောင်းရှိ ကျောင်းသား/သူ (၁၇၅)ဦးကို လည်းကောင်း၊ ရွာမကျေးရွာရှိ အထကခွဲကျောင်းရှိ ကျောင်းသား/သူ (၁၅၀)ဦးကိုလည်းကောင်း စုစုပေါင်း ကျောင်းသား/သူ (၃၂၅)ဦးကို ငလျင်၊ မီး၊ မိုးကြိုးဘေးစသည့် သဘာဝဘေးများနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းများကို ဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #Unicode Version# #ar #mgy_sep2019 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် KBCနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်တို့ပူးပေါင်းပြုလုပ်သော မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ( ၁၀-၉-၂၀၁၉ )ရက်နေ့ နံနက်( ၀၉ ၀၀)နာရီအချိန်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှမ်းစုတောင် ရပ်ကွက် KBC နှစ်ခြင်းအဖွဲ့ချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီး တို့နှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးမှူး ဒေါ်လှကေသီမာ နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် လူမှုရေးဝန်ကြီးမှအဖွင့်အမှာစကားပြောကြားခဲ့ ပြီးနောက် ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ … Read more
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၁၉) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ ကော့မုပွန်ကျေးရွာ၊ ကျေးရွာခန်းမ၌ မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ပြည်သူ လူထု (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_sep2019
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကြို့ပင်စခန်းကျေးရွာအုပ်စု၊ ကြို့ပင်စခန်းကျေးရွာ၌ (၈-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂,၁၀၀/-) ကျပ်တို့အား (၁၀-၉-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) နာရီ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ သာာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိကျေးရွာအုပ်စု၊ ကျိုက်ပိကျေးရွာနှင့် ကျွန်းကလေးကျေးရွာအုပ်စု၊ ကျွန်းကြားကြီးကျေးရွာတို့၌ (၆-၉-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂)လုံး၊ တစ်စိတ်တစ်ပိုင်းပြိုကျပျက်စီးခဲ့သော နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၃)စုမှ ဘေးသင့်ပြည်သူ (၁၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၂)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၂၅၀၀၀ဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ(၃၅၇၀ဝိ/-)၊ စုစုပေါင်း (၂၈၅၇၀ဝိ/-)အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၀-၉-၂၀၁၉)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး တို့နှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးခဲ့ကြောင်း … Read more
-
သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၁၉) ရက်နေ့ နေ့လည်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးရေးရာဦးစီးဌာနတို့နှင့်ပေါင်းစပ်ညှိနှိုင်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ ဖိုစွတ်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၂၀) ခန့်အား သဘာဝ ဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_sep2019
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ကျင်းပပြုလုပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၉-၉-၂၀၁၉)ရက်နေ့တွင် မြို့နယ်စုပေါင်းရုံး၊ မြို့နယ်အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကိုသင်တန်းသား/သင်တန်းသူ(၃၀)ဦးဖြင့်ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးချမ်းမြေ့စောက အဖွင့်အမှာစကားပြောကြားခြင်း၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သင်တန်းဖွင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2019 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)









