လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၉.၂၀၁၉)ရက်နေ့ ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမတွင် ဖျာပုံခရိုင်ဖျာပုံမြို့နယ်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူ(၁၈၀)ဦးအား ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ပြည်သူ့အသံကြားနာပွဲကို FDAအဖွဲ့မှကျင်းပခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရည်ရွယ်ချက်၊ ပြည်သူများအတွက် ဆောင်ရွက်မှုပေးနေသည့် လုပ်ငန်းတာဝန်များ၊ ထောက်ပံ့မှုများ၊ DAN Mobile Application အသုံးပြုပုံများ ရှင်းလင်းပြောကြားခဲ့ပြီး တယ်လီဖုန်းများတွင်ထည့်သွင်းပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း စသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
–
#ar
#ayy_sep2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)