လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၉-၉-၂၀၁၉)ရက်နေ့တွင် မြို့နယ်စုပေါင်းရုံး၊ မြို့နယ်အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကိုသင်တန်းသား/သင်တန်းသူ(၃၀)ဦးဖြင့်ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးချမ်းမြေ့စောက အဖွင့်အမှာစကားပြောကြားခြင်း၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သင်တန်းဖွင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_sep2019
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)