မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ ကျင်းပခြင်း

 

10_Pic_01

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် KBCနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်တို့ပူးပေါင်းပြုလုပ်သော မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ( ၁၀-၉-၂၀၁၉ )ရက်နေ့ နံနက်( ၀၉ ၀၀)နာရီအချိန်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှမ်းစုတောင် ရပ်ကွက် KBC နှစ်ခြင်းအဖွဲ့ချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီး တို့နှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးမှူး ဒေါ်လှကေသီမာ နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် လူမှုရေးဝန်ကြီးမှအဖွင့်အမှာစကားပြောကြားခဲ့ ပြီးနောက် ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြော ကြားခဲ့ပါသည်။ ထို့နောက် KBC နှစ်ခြင်းအဖွဲ့ချုပ်မှ kHDD ဦးခါးလီမှ သဘာဝဘေးစီမံခန့်ခွဲမှု နှင့်ပတ်သတ်သည့် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#Unicode Version#

#ar

#kcn_sep2019

Source:         ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events