သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၁၉) ရက်နေ့ နေ့လည်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးရေးရာဦးစီးဌာနတို့နှင့်ပေါင်းစပ်ညှိနှိုင်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ ဖိုစွတ်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၂၀) ခန့်အား သဘာဝ ဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#mgy_sep2019

Sign Up

Upcoming Events