
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိကျေးရွာအုပ်စု၊ ကျိုက်ပိကျေးရွာနှင့် ကျွန်းကလေးကျေးရွာအုပ်စု၊ ကျွန်းကြားကြီးကျေးရွာတို့၌ (၆-၉-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂)လုံး၊ တစ်စိတ်တစ်ပိုင်းပြိုကျပျက်စီးခဲ့သော နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၃)စုမှ ဘေးသင့်ပြည်သူ (၁၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၂)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၂၅၀၀၀ဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ(၃၅၇၀ဝိ/-)၊ စုစုပေါင်း (၂၈၅၇၀ဝိ/-)အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၀-၉-၂၀၁၉)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး တို့နှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#Unicode Version#
#ha_sgw
#ayy_sep2019
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)