စက်တင်ဘာလ၁၀၊နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ – International Committee of the Red Cross (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr.Stephan Sakalian ဦးဆောင်သောအဖွဲ့က ယနေ့မွန်းလွဲပိုင်း တွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် ICRC က ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှစ၍ ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) အရလူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ခဲ့ရာမှ လက်ရှိကြုံတွေ့နေရသည့် အခက် အခဲများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အစီရင်ခံစာအရ ICRC အနေဖြင့် အရေးပေါ် လူသားချင်းစာနာ ကူညီမှုသာမက ပြန်လည်ထူထောင်ရေးတွင် ဆောင်ရွက်မည့်အခြေအနေများ၊ ICRC ၏ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင်နေရပ်စွန့်ခွာရသူများအတွက် ပြန်လည်နေရာချထားရေး လုပ်ငန်းအတွေ့အကြုံနှင့် မိုင်းအန္တရာယ်ကင်းရှင်းရေး ပညာပေးဆောင်ရွက်မှုများ၊ ICRC အနေဖြင့် မိုင်းအန္တရာယ်လျှော့ချထားရေးလုပ်ငန်းအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးလိုမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source: MOSWRR
#hl1
#npw_sep2019