Category Archives: News
-
ရေမျော ငါးဖမ်းအလုပ်သမားများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ (၃.၉.၂၀၁၉)ရက်နေ့တွင်ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဖုံးတောင်ချောင်းဝ၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ငါးဖမ်းဖောင်အဖွဲ့ ဖြင့်၎င်းပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ငါးဖမ်းသမားများသည် ကျားဖောင်ကျောက်ကြိုးများ ပြုတ်ထွက်ပျက်စီးခဲ့ပြီး၊ (၉.၉.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာချောင်းဝသို့ ထပ်တိုး မျောပါဆိုက်ကပ်လာခဲ့ရာ၊ အဆိုပါထပ်တိုးငါးဖမ်းအလုပ်သမား(၄)ဦးတို့အတွက်ခရီးစရိတ်ငွေ(၁)ဦးလျင် (၁၀,၀၀ဝိ/-)စီဖြင့်(၄၀,၀၀ဝိ/-)အား လည်းကောင်း ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးဖြစ်သည့် ကျားလုံချည်၊ တီရှပ်၊ တဘက်၊ ဆပ်ပြာ (၄)ဦးတို့အတွက်၊ (၁)ဦးလျင်(တန်ဖိုးငွေ-၇,၉၅ဝိ/-)စီဖြင့် (စုစုပေါင်းတန်ဖိုးငွေ-၃၁,၈၀ဝိ/- )တို့အားအားလည်းကောင်း (၁၀.၉.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #mon_sep2019 Source: … Read more
-
ရေတိုက်စားမှုကြောင့် မြေပြိုနေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ခင်အေး ကျေးရွာရှိ အလယ်တန်းကျောင်းသည် ခင်မေးချောင်း ရေတိုက်စားမှုကြောင့် မြေပြိုနေမှု အခြေအနေအား ခင်အေးရပ်/ကျေးစာရေး၊ ခင်အေးအုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ဆရာမကြီး၊ ကျေးရွာ ရပ်မိရပ်ဖများ နှင့်အတူ (၁၁-၉-၂၀၁၉) ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #sgg_sep2019
-
လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၉.၂၀၁၉)ရက်နေ့၊ (၀၀း၃၀)နာရီခန့်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ခင်တန်းကျေးရွာ၌ အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် (၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၅၂၅,၀၀ဝိ/-)၊ လူဦးရေ(၃၀)ဦးတို့အတွက်(၇)ရက်စာဆန်ဖိုးငွေ(၆၃,၀၀ဝိ/-)၊ စုစုပေါင်း(၅၈၈,၀၀ဝိ/-)အား (၉.၉.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #Unicode Version# #ha_sgw #mon_sep2019 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်း ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ချောင်းဆုံမြို့တွင် (၁၁-၉-၂၀၁၉) ရက်နေ့၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကို သင်တန်းသား/သင်တန်းသူ (၃၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ရာ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနား၌ ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းကာလမှာ (၁၃-၉-၂၀၁၉) ရက်နေ့အထိ (၃) ရက်တာဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_sep2019
-
ရေမျောအလုပ်သမားများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ (၃၁.၈.၂၀၁၉)ရက်နေ့နှင့် .(၁.၉.၂၀၁၉)ရက်နေ့တွင်ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဖုံးတောင်ချောင်းဝ၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ငါးဖမ်းဖောင်အဖွဲ့ ဖြင့်၎င်းပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ငါးဖမ်းသမားများသည် ငါးဖမ်းကျားဖောင်ချုပ်တန်းများ ပြုတ်ထွက်ပျက်စီးခဲ့ပြီး၊ (၇.၉.၂၀၁၉)ရက်နေ့နှင့်(၈.၉.၂၀၁၉)ရက်နေ့တို့တွင် ငါးဖမ်းအလုပ်သမား (၁၁)ဦးတို့မှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာနှင့် တပ်မှူးချောင်ကျေးရွာတို့ရှိ ချောင်းဝများသို့ ထပ်တိုး မျောပါဆိုက်ကပ်လာခဲ့ရာ၊ အဆိုပါထပ်တိုးငါးဖမ်းအလုပ်သမား(၁၁)ဦးတို့အတွက်ခရီးစရိတ်ငွေ(၁)ဦးလျင် (၁၀,၀၀ဝိ/-)စီဖြင့်(၁၁၀,၀၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးဖြစ်သည့် ကျားလုံချည်၊ တီရှပ်၊ တဘက်၊ ဆပ်ပြာ (၁၁)ဦးတို့အတွက်၊ (၁)ဦးလျင်(တန်ဖိုးငွေ-၇,၉၅ဝိ/-)စီဖြင့် (စုစုပေါင်းတန်ဖိုးငွေ-၈၇,၄၅ြိ/- )တို့အား (၉.၉.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့နယ်၊ ကုက္ကိုလ်ကျေးရွာ၌ (၇-၉-၂၀၁၉) ရက်နေ့တွင် မြစ်သာမြစ်ကမ်းပါးပြိုကျမှုကြောင့် ဖျက်သိမ်းပြောင်းရွှေ့အိမ်ထောင်စု (၂) စု၊ လူဦးရေ (၉) ဦးနှင့် (၉-၉-၂၀၁၉) ရက်နေ့၌ အောင်မေတ္တာရပ်ကွက်မှ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၄၂,၀၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-) ကျပ်တို့အား (၁၀-၉-၂၀၁၉) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ကမ်းပြိုဘေးထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊(အောက်ဒေါင့်ကြီး၊ အထက်ကဇင်းတော၊ ကုလားမချောင်)ကျေးရွာတို့၌ (၉-၉-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းဖျက်သိမ်းနေအိမ် (၂၆)လုံး အိမ်ထောင်စု (၂၆)စုမှ လူဦးရေ (၁၂၈)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၆၀၀ဝဝဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာရန် ပုံငွေ (၂၆၈၈၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၂၈၆၈၈၀ဝိ/-) အား (၁၀-၉-၂၀၁၉) ရက်နေ့ (၁၄း၄၅)နာရီ အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၁၉) ရက်နေ့တွင် သရက်မြို့နယ်၊ အ.မ.က (လေးတိုင်စင်) မူလတန်းကျောင်း၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၆၀) ဦးတက်ရောက်ခဲ့ပြီး ကျောင်းသုံးဗလာစာအုပ်များ၊ ဘောပင်များနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_sep2019
-
မီးဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၉.၉.၂၀၁၉)နေ့ တနင်္သာရီ မြို့နယ် တမုတ်ချုံးကျေးရွာမီးဘေးမှ မီးဘေးသင့် အုတ်ကြွပ်မိုးပျဉ်ထောင်အိမ်၁လုံးမတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂)သိန်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)စုစာ၊ လူ(၅)ဦးအတွက် ဆန်ဘိုး(၁၀၅၀ဝိ/)တို့အား (၁၀.၉.၂၀၁၉)နေ့ (၁၁း၁၅)အချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_sep2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
အသက် (၆) လမှ (၃) နှစ်အရွယ်ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း၌ ဝန်ကြီးဌာနအသီးသီးက စိတ်ပါဝင်စားသူများတက်ရောက်
စက်တင်ဘာ၊၁၀၊နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် အသက် (၆) လမှ (၃) နှစ်အရွယ် ကလေးပြုစုသူများ အတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း၌ တက်ရောက်သင်ယူ လျက်ရှိသည့် ဝန်ကြီးဌာနအသီးသီးက သင်တန်းသူများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တွေ့ဆုံခဲ့ပါသည်။ ယနေ့နံနက်ပိုင်းက ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း၏ နည်းပြများနှင့် သင်တန်းသူများက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဖွင့်လှစ် ထားသည့် မေမေ့ရင်ခွင် နေ့ကလေးထိန်းဌာနသို့လာရောက်၍ ဝန်ကြီးဌာနဝန်ထမ်းများ၏အသက် (၆) လမှ (၃) နှစ်အရွယ်ကလေးငယ်များအား … Read more









